Categories: Celebrity News

Instagram မှာ followers အများဆုံး kpop idol (၁၀) ဦး

အနုပညာရှင်တွေရဲ့အောင်မြင်မှု ပရိတ်သတ်အပေါ်လွှမ်းမိုးနိုင်မှုကို တိုင်းတာတဲ့နေရာမှာ လူမှုကွန်ယက်ပေါ်မှာ ဘယ်လောက်အောင်မြင်သလဲဆိုတာကလဲ အရေးပါတဲ့အချက်ပါ။ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ အသုံးများတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ instagram မှာ followers အများဆုံး kpop idol တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

10. Taeyeon (SNSD)


SNSD အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သလို အောင်မြင်တဲ့ soloist လဲဖြစ်တဲ့ Taeyeon ကတော့ @taeyeon_ss အင်စတာဂရမ်မှာ followers ပေါင်း 14.96 million တောင်ရှိပါတယ်။ စင်မြင့်ပေါ်မှာနဲ့မတူတဲ့ သူ့ရဲ့လက်တွေ့ဘဝက သဘာဝကျကျနေထိုင်မှု ပုံစံလေးတွေကို မြင်ရမှာပါ။

9. Jackson (GOT7)


ပွဲဦးထွက်စကတည်းက လူမှုကွန်ယက်မှာ ပရိတ်သတ်တွေနဲ့ ရင်းနှီးမှုရယူခဲ့တဲ့ Jackson ရဲ့ အင်စတာဂရမ် @jacksonwang852g7 မှာ followers ကတော့ 18 million ပါ။ သူ့ရဲ့ထူးခြားချက်ကတော့ ဘာကိုပဲတင်တင် ပရိတ်သတ်တွေနားမလည်တာမရှိရအောင် English, တရုတ်, ကိုရီးယား သုံးဘာသာလုံးနဲ့ caption တပ်ပေးတာပါ။

8. Baekhyun (EXO)


EXO အဖွဲ့ဝင် Baekhyun ကတော့ သူ့ရဲ့ @baekhyunee_exo ဆိုတဲ့ instagram မှာ သူ့ရဲ့ချစ်စရာဓာတ်ပုံလေးတွေကို တင်ပေးလေ့ရှိသလို တစ်ခါတစ်လေလဲ live လွှင့်ပြီး ပရိတ်သတ်တွေနဲ့ တရင်းတနှီးအချိန်ကုန်လေ့ရှိပါတယ်။ Followers ကတော့ 18.27 million တောင် ရှိပါတယ်။

7. G-Dragon (Big Bang)


ဂီတလောကမှာရော ဖက်ရှင်နဲ့ပတ်သတ်ရင်ရော ဆရာတစ်ဆူဖြစ်တဲ့ GD ဟာ အင်စတာဂရမ်မှာလဲ သူ့ရဲ့အဆင့်အတန်းမြင့်တဲ့ဖက်ရှင်တွေနဲ့ လူနေမှုဘဝကို ဖော်ပြလေ့ရှိပါတယ်။ လုပ်သမျှ trend ဖြစ်တဲ့ GD ရဲ့ @xxibgdrgn မှာ followers ပေါင်း 18.38 million တောင်ရှိပါတယ်။

6. Sehun (EXO)


တစ်ခါတစ်လေ spoiler တွေလဲ ခပ်တည်တည်နဲ့တင်ပေးတတ်တဲ့ အုပ်ကြီးရဲ့ @oohsehun ဆိုတဲ့ အင်စတာဂရမ်ကလဲ followers တွေ 20.25 million တောင်ရှိပါတယ်။ သူ့ရဲ့ သဘာဝကျကျပုံလေးတွေလဲ တင်လေ့ရှိသလို ခွေးလေး Vivi ရဲ့ ချစ်စရာပုံလေးတွေကိုလဲ ဝေမျှလေ့ရှိပါတယ်။

5. Chanyeol (EXO)


အင်စတာဂရမ် followers အများဆုံး နံပါတ် (၅) နေရာမှာတော့ Chanyeol ရဲ့ @real__pcy က followers ပေါင်း 21.73 million နဲ့ ရပ်တည်နေပါတယ်။ Chanyeol ရဲ့ boyfriend material ပုံလေးတွေ မြင်ရမှာကြောင့် follow ထားရတာ အရမ်းတန်ပါတယ်။

4. Jisoo (BLACKPINK)


အင်စတာဂရမ် စသုံးပြီဆိုတာနဲ့ တစ်လောကလုံးကို အုန်းအုန်းကျက်ကျက်ဖြစ်သွားစေတဲ့ BLACKPINK အဖွဲ့က Jisoo ရဲ့ @sooya___ မှာတော့ followers က 25.6 million တောင်ရှိနေပါတယ်။ Jisooလေးရဲ့နေ့စဉ်ဘဝက အပြစ်ကင်းတဲ့အလှကို တစ်ဝကြီးကြည့်ရှုရမယ့် အင်စတာဂရမ်ပါ။

3. Rosè (BLACKPINK)


@roses_are_rosie လို့ နာမည်ဆန်းဆန်းလေးပေးထားတဲ့ BLACPINK အဖွဲ့ဝင် Rosè ရဲ့ အင်စတာဂရမ်ကလဲ မနည်းမနော followers 26.78 million တောင် ရှိပါတယ်။ Rosè တင်ပေးတဲ့ နူးညံ့တဲ့အလှတရားကိုမြင်ရမယ့် ဓာတ်ပုံလေးတွေက မျက်စိပသာဒဖြစ်စရာပါပဲ။

2. Jennie (BLACKPINK)


ဒုတိယနေရာမှာကတော့ Jennie ရဲ့ @jennierubyjane ဆိုတဲ့ အင်စတာဂရမ်ပါ။ Followers အနေနဲ့တော့ 29.72 million ရှိပြီး Jennie ရဲ့ ချစ်စရာပုံလေးတွေအပြင် အမိုက်စားဖက်ရှင်တွေနဲ့ ပေါ့ပါးတဲ့လူနေမှုဘဝကိုပါ မြင်ရမှာမို့လို့ follow ရကျိုးနပ်ပါတယ်။

1. Lisa (BLACKPINK)


Kpop idol တွေရဲ့ အင်စတာဂရမ်အကောင့်တွေထဲမှာမှ followers အများဆုံးနဲ့ ပထမနေရာမှာ ရပ်တည်နေတာကတော့ ဂုဏ်ယူစရာ Lisa လေးပါပဲ။ Followers ပေါင်း 36.28 million ရှိပြီး သူ့ရဲ့အထာကျမှုတွေကြောင့် အခြားအဖွဲ့ဝင်တွေလိုပဲ နာမည်ကျော်တွေရဲ့ follow ခြင်းကိုပါခံထားရပါတယ်။

Source: Koreaboo
Written: Dar Dar

Share