Categories: Celebrity News

ကွာရှင်းပြီးနောက် အနုပညာလှုပ်ရှားမှုများနဲ့ပါတ်သက်ပြီး ဝမ်းသာစရာအကြောင်းတစ်ခုပြောပြလာတဲ့ Gu Hye Sun

Social media မှာရော လူထုကြားမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ Gu Hye Sun နဲ့ခင်ပွန်းဟောင်းဖြစ်သူ Ahn Jae Hyun တို့ရဲ့ကွာရှင်းပြတ်စဲခြင်းက ကြာသေးမီက ပြီးပြီးပြတ်ပြတ် ဖြစ်ခဲ့ပါပြီ။ သူမတို့နှစ်ဦးလုံးဟာ အရင်က HB Entertainment လက်အောက်ကဖြစ်ပြီး သူမနဲ့ သူမအေဂျင်စီရဲ့စာချုပ်က ဒီနှစ် ဧပရယ်မှာကုန်ဆုံးခဲ့တာပါ။

သူမက ခင်ပွန်ဟောင်းနဲ့အလုပ်တူတူလုပ်ခဲ့ဖူးတဲ့ အေဂျင်စီဟောင်းနဲ့ပါ လက်တွဲဖြုတ်ပြီး ပညာရေးကို ဦးစားပေးဖို့ အနုပညာလောကကခေတ္တအနားယူမယ်လို့ ပရိတ်သတ်တွေကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင် ဇူလိုင်လ ၂၀ ရက်နေ့ကမှ Entertainment အသစ်တစ်ခုနဲ့စာချုပ်ချုပ်လိုက်လို့ သူမကိုလွမ်းနေတဲ့ ပရိတ်သတ်တွေ အံ့ဩဝမ်းသာဖြစ်ခဲ့ရပါတယ်။

သူမကိုယ်ပိုင် Gu Hye Sun Film ဆိုတဲ့ အေဂျင်စီမှာသူမရဲ့ စာအုပ်ထုတ်ဝေရေးနဲ့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ဆက်လက်တာဝန်ယူမှာဖြစ်ပြီးတော့ ရုပ်သံလွှင့်အစီအစဉ် (ရုပ်ရှင်၊ ဇာတ်လမ်းတွဲ) စတာတွေကိုတော့ MIMI Entertainment နဲ့လက်တွဲသွားမှာပါတဲ့။

MIMI Entertainment ရဲ့ CEO ကသူမ YG မှာရှိခဲ့တဲ့ Boys Over Flowers ရိုက်ကူးခဲ့တဲ့နေ့ရက်တွေကတည်းက သူမရဲ့မန်နေဂျာဖြစ်ပြီး ယုံကြည့်ရတဲ့မိတ်ဆွေကောင်းပါလို့ပဲ ထည့်ပြောခဲ့ပါတယ်။ အခုလောက်ဆိုမင်းသမီးချောလေး Gu Hye Sun စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြီး အနုပညာလှုပ်ရှားမှုတွေအများကြီးနဲ့ပြန်လာဖို့မျှော်လင့်ထားလို့ရလောက်ပါပြီနော်။

Source: Koreaboo
Written: Helra

Share