Categories: Celebrity News

အဖွဲ့အနေနဲ့ ရသမျှဝင်ငွေအားလုံးကို လှူဒါန်းသွားမယ်ဆိုတဲ့ SSAK3

Hangout With Yoo ဆိုတဲ့ အစီအစဉ်ကနေဖြစ်လာတဲ့ Rain, Lee Hyori နဲ့ Yoo Jae Suk တို့သုံးယောက်ရဲ့ Project Group SSAK3 ကသူတို့ရဲ့ Debut သီချင်း ‘Beach Again’ ကိုတောင် ဇူလိုင်လ ၁၈ ရက်နေ့ကထုတ်ပေးပြီးပါပြီ။

သတင်းကောင်းတစ်ခုကတော့ SSAK3က ဒီ Debut သီချင်းမှာတင် အောင်မြင်မှုရခဲ့ပြီး Melon, Genie, Soribada, Bugs, Flo, Vibe နဲ့ iChart တို့မှာနံပါတ် တစ် ချိတ်ပြီး all kill နိုင်ခဲ့ပါတယ်။ ဒီထက်ပိုကောင်းတဲ့သတင်းကတော့ ဒီသီချင်းကရရှိတဲ့ ဝင်ငွေအားလုံးကို လိုအပ်နေတဲ့သူတွေကို လှူဒါန်းသွားမှာပါတဲ့။

ဝင်ငွေအားလုံးဆိုတဲ့နေရာမှာ သီချင်းကို promote လုပ်ရင်းရတာတွေရော၊ Album ရောင်းရငွေရော Cover Song အတွက်မူပိုင်ခွင့်ရတဲ့ငွေတွေပါမကျန် သူတို့တစ်ပြားတစ်ချပ်မှမယူပဲ လှူဒါန်းပေးသွားမှာပါ။

Official MV မထွက်ခင် ဇူလိုင် ၂၀ ရက်နေ့တုန်းက လည်း Fun Version အနေနဲ့ video တစ်ခုထုတ်ပေးခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ MBC ရဲ့ Music Core မှာဖျော်ဖြေဖို့ပါ ပြင်ဆင်နေပါတယ်တဲ့။

ဒီသီချင်းက ၁၉၉၀ ပြည့်နှစ်တုန်းက Concept ကိုနားဆင်ရမှာဖြစ်ပြီး Lee Sang Soon နဲ့ Lee Hyori တို့ပေါင်းစပ်ဖန်တီးထားတာပါ။ ပရိတ်သတ်ချစ်တဲ့ သုံးယောက်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တဲ့အပြင် ရည်ရွယ်ချက်ကလည်းကောင်းတာမို့ SSAK3 ဒီထက်ပိုအောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Koreaboo
Written : Helra

Share