Categories: Celebrity News

TV3 ဇာတ်လမ်းတွဲတွေကတစ်ဆင့် ဒိတ်ဒိတ်ကြဲဖြစ်လာကြတဲ့ ထိုင်းမင်းသမီးချောများ

ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကို ငယ်ငယ်က တီဗွီမှာစောင့်ကြည့်ဖူးကြမှာပါ။ ထိုင်းရုပ်ရှင်တွေကတော့ ဟိုးယခင်ထဲက အရှေ့တောင်အာရှမှာ နာမည်ကြီးပါပဲ။ ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကနေ အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးလျက်ရှိပါတယ်။

(၁) Yaya Urassaya

မင်းသမီးချောလေး Yaya ကိုတော့ အခုချိန်မှာ ထိုင်းရုပ်ရှင်ပရိတ်သတ် မဟုတ်သူတွေကတောင် သိကြမှာပါ။ သူမကတော့ ၂၀၁၀ မှာ ထုတ်လွှင့်ခဲ့တဲ့ Duang Jai Akkhani ထိုင်းရုပ်သံဇာတ်လမ်းတွဲကြောင့် ထိုင်းရဲ့ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်လာပါတော့တယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ပရိတ်သတ်အချစ်တော် မင်းသား Nadech Kugimiya နဲ့အတူ ရိုက်ကူးထားပါတယ်။ ထိုင်းရုပ်မြင်သံကြားဖြစ်တဲ့ Channel 3 ကနေ ထုတ်လွှင့်ခဲ့ပါတယ်။

(၂) Bella Ranee

Bella Ranee ကတော့ James Jirayu နဲ့အတူ Suparburoot Jutathep: Khun Chai Putipat ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးပြီးချိန်မှာ တဟုန်ထိုး အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၃ မှာ ThaiTV3 ရဲ့ ၄၃နှစ်ပြည့် နှစ်ပတ်လည် အထူးဇာတ်လမ်းတွဲအနေနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။

(၃) Taew Natapohn

Taew Natapohn ကတော့ ၂၀၁၃ မှာ ထုတ်လွှင့်ခဲ့တဲ့ Suparburoot Jutathep: Khun Chai Ratchanon’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ သူမရဲ့ အဖေဖက်ကနေ မွန်သွေးစပ်တာကြောင့် ထိုင်းမွန်ကပြားဖြစ်ပါတယ်။

(၄) Kimmy Kimberley Anne Woltemas

Kimmy Kimberley Anne Woltemas ကတော့ ၂၀၁၀ မှာ ထုတ်လွင့်ပြသခဲ့တဲ့ 4 Huajai Haeng Khon Khao ထဲက ကာရိုက်တာကြောင့် ပိုအောင်မြင်ကျော်ကြားလာသူပါ။ Channel3 က ထုတ်လွှင့်တာဖြစ်တဲ့ ထိုရုပ်သံဇာတ်လမ်းတွဲဟာ ၄ တွဲရှိပြီး သူမက ပထမအတွဲဖြစ်တဲ့ Thara Himalaya မှာ ပါဝင်ရိုက်ကူးခဲ့တာပါ။ သူမက ဂျာမန်ထိုင်းကပြားဖြစ်ပြီး Ph.D (Law) နဲ့ ကျောင်းပြီးထားသူပါ။

(၅)Mew Nittha

Mew Nittha ကတော့ ThaiTV3 က ထုတ်လွှင့်တဲ့ Suparburoot Jutathep ဇာတ်လမ်းတွဲကနေ ထိပ်တန်းကြယ်တပွင့်ဖြစ်လာသူပါ။ ထိုဇာတ်လမ်းတွဲက ၅ တွဲရှိပြီး Mew Nittha ကတော့ Khun Chai Pawornruj ဆိုတဲ့အတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ထိပ်တန်းပရိုဂျူဆာ ၅ ဦးကတစ်တွဲစီ တာဝန်ယူရိုက်ကူးခဲ့တာဖြစ်ပြီး အားလုံးက ပရိတ်သတ်တွေအားပေးြခင်းခံခဲ့ရပါတယ်။

Source: Thaiupdate
Written: S.Kaung

Share