BTS ကတော့ အနောက်နိုင်ငံတွေမှာရော အာရှနိုင်ငံတွေမှာပါ လွှမ်းမိုးမှုကြီးကြောင်း သက်သေပြလိုက်ပြန်ပါပြီ။ သူတို့ရဲ့စတုတ္ထမြောက် Japanese full-length album ကို့ဖြန့်ချိပြီး ပထမရက်အတွင်းမှာပဲ album copy ပေါင်း 447,869 ချပ်ရေရောင်းချခဲ့ရပြီး Oricon Chart မှာစံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
Oricon Chart အရ ‘MAP OF THE SOUL : 7 ~ THE JOURNEY ~ ရဲ့ရောင်းအားဟာ ၏ဂျပန်နိုင်ငံမှာ နိုင်ငံခြားအနုပညာရှင်တွေထဲမှာ အမြင့်ဆုံးဖြစ်ရုံသာမက ဂျပန်ပြည်တွင်းအနုပညာရှင်တွေနဲ့ ယှဉ်ရင်တောင် အားလုံးထဲမှာ ဒီနှစ်အတွင်းအမြင့်ဆုံးရောင်းအားဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ တစ်ရက်အတွင်းမှာ တင်ခဲ့တဲ့စံချိန်ပါ။
ဇူလိုင် ၂၁ ရက်မှာတော့ အဆိုပါ album ဟာ တစ်ပတ်အတွင်း copy ပေါင်း 564,000 ရောင်းချခဲ့ရပြီး နိုင်ငံခြားအနုပညာရှင်တွေထဲမှာမှ သမိုင်းတစ်လျှောက် တစ်ပတ်အတွင်း ရောင်းအားအမြင့်ဆုံး စံချိန်ကိုချိုးနိုင်ခဲ့ပါတယ်။ ဂျပန်နဲ့အာရှတလွှား နတ်ဘုရားတွေလို့ တင်စားရလောက်တဲ့အထိ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ TVXQ ရဲ့စံချိန်ကို ပထမဆုံးချိုးနိုင်ခဲ့တဲ့ အဖွဲ့လဲဖြစ်ပါတယ်။
Source: Koreaboo
Written: Dar Dar