Categories: Celebrity News

တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းခန်းတွေဖွင့်ခဲ့ကြတဲ့ EXO sc ညီအစ်ကိုနှစ်ဦး

EXO-SC အဖြစ်ပွဲဦးထွက်ခဲ့တဲ့ Sehun နဲ့ Chanyeol တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ‘1 Billion Views’ album ထွက်ရှိအပြီးမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ မအားမလပ်ရအောင် ရှိနေပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှာတော့ soompi သတင်းဌာနက သူတို့ရဲ့ GQ Korea မဂ္ဂဇင်းရဲ့ August လထုတ်အတွက် ဓာတ်ပုံရိုက်ပေးရင်း အင်တာဗျူးလုပ်ခဲ့တာကို ဖော်ပြပေးခဲ့ပါတယ်။

Photo shoot ရဲ့ theme ကတော့ ‘Bel Ami’ ဆိုတဲ့ပြင်သစ်စကားလုံးဖြစ်ပြီး beautiful friend လို့ အဓိပ္ပာယ်ရတာကြောင့် Sehun နဲ့ Chanyeol ရဲ့ သံယောစဉ်ကို ပုံလေးတွေမှာ အပေါ်လွင်ဆုံးမြင်နေရပါတယ်။ အင်တာဗျူးမှာလဲ 1 Billion Views album နဲ့ပတ်သတ်ပြီးရော သူတို့ရဲ့တစ်ဦးအပေါ်တစ်ဦးအမြင်တွေကိုပါ ဖလှယ်ခဲ့ကြပါတယ်။

1 Billion Views နဲ့ ပတ်သတ်ပြီးတော့ Sehun က ‘1 Billion’ ဆိုတဲ့ များပြားတဲ့ပမာဏက တစ်စုံတစ်ယောက်ပေါ်မှာထားတဲ့ အရမ်းကြီးမားတဲ့သတိရစိတ်နဲ့သဘောကျမှုကို ဖော်ညွှန်းတယ် ကျွန်တော်တို့နဲ့ fan တွေကြားက ဆက်သွယ်မှုလိုပေါ့။

ဒီ album ကကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ trainee ဘဝတွေ ကျောင်းသားဘဝတွေကိုလဲ ဖော်ညွှန်းတယ်။ ကျွန်တော်တို့ရဲ့စိတ်ရင်းကို ပြသနိုင်ဖို့ အားစိုက်ခဲ့တာကြောင့် နားထောင်လိုက်ရင် ကျွန်တော်ကို့ခံစားချင်ကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်’ လို့ပြောပြခဲ့ပါတယ်။

Duo အဖြစ်လှုပ်ရှားမှုတွေလုပ်ရင်း တစ်ယောက်ကိုတစ်ယောက်ဘယ်လိုမြင်မိလဲဆိုတဲ့ မေးခွန်းကိုတော့ Chanyeol က ‘Sehun ကလူတွေအပေါ်အရမ်း ဂရုစိုက်တတ်တယ်။ ပြီးတော့သစ္စာအလွန်ရှိတယ်’ လို့ဖြေခဲ့ပြီး Sehun ကတော့ ‘Chanyeol Hyung အနားမှာရှိရင် သူ့ရဲ့အကောင်းမြင်မှုနဲ့ အပျော်တွေကူးစက်လာသလိုပဲ အဲ့ဒါကိုသဘောကျတယ်’ လို့ တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းခန်းတွေ ဖွင့်ခဲ့ကြပါတယ်။

Source: Soompi
Written: Dar Dar

Share