Categories: Celebrity News

10 Years Anniversary နဲ့အတူ ပရိတ်သတ်ရှေ့ တစ်ကျော့ ပြန်ရောက်လာတော့မယ့် One Direction

လူငယ် ကောင်လေးချောချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ One Direction အဖွဲ့ကိုတော့ အားလုံးသိကြမှာပါ။ အဖွဲ့၀င်တိုင်းရဲ့ ရုပ်ရည်အသွင်အပြင်ကြောင့်သာမက အသံကလည်း ကောင်းတာကြောင့် မိန်းကလေးတိုင်း အသည်းစွဲရတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ ထိုအဖွဲ့ဟာ 10 Years Anniversary ကို ရောက်ရှိလို့ လာပြီဘဲ ဖြစ်ပါတယ်။ ယခု July လ 23 ရက်နေ့ဟာဆိုရင် One Direction အဖွဲ့ရဲ့ 10 နှစ်ပြည့်မယ့် နေ့လည်းဖြစ်ပါတယ်။

ထို 10 ပြည့်အထိန်းအမှတ်အဖြစ် One Direction အဖွဲ့က သူ့တို့ရဲ့ ပရိတ်သတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့ 10 နှစ်ပြည့်အထိမ်းအမှတ်အဖြစ် July လ 23 ရက်နေ့မှာ ” A special 10 years of One Direction ” ဆိုတဲ့ Website တစ်ခုကိုပြုလုပ်သွားမှာဖြစ်ပါတယ်။

ထို website မှာ One Direction ရဲ့ career အစဖြစ်တဲ့ X factor ကနေ နောက်ဆုံး Single “History ” ထိ ခရီးလမ်းတစ်လျောက် ဖြတ်သန်းခဲ့တဲ့ Music Video တွေ, live performance တွေနဲ့ Behind the scene video တွေနဲ့အတူ One Direction ရဲ့ Special moment တွေပါဝင်တဲ့ Special video တစ်ခုကိုပါပြသသွားမှာဘဲ ဖြစ်ပါတယ်။

သူ့ရဲ့ ပရိတ်သတ်တွေအနေနဲ့လည်း ထို website ပေါ်မှာ မိမိကြိုက်နှစ်သက်ရာ One Direction သီချင်းတွေကို Mixtape အဖြစ်ဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ ထို့အပြင် အဲ့နေ့မှာ One Direction ရဲ့ streaming platform တွေကိုပြန်လည်အသက်သွင်းဦးမှာ ဖြစ်ပါတယ်။

အထူးအစီအစဉ်အဖြစ် Amazon ရဲ့ A.I assistance ဖြစ်တဲ့ Alexa က One Direction အတွက် Happy Birthday သီချင်းကို သီဆိုပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကဲပရိတ်သတ်ကြီးရော တစ်ကျော့ပြန်လာမယ့် One Direction ကို အားပေးဖို့ အဆင်သင့်ဖြစ်နေပြီလား? ထိုအကြောင်းကို တခြားသူတွေသိရအောင်လည်း ဝေမျှပေးပါဦးနော်။

Source: PopBuzz
Written: Titekyi

Share