Categories: Celebrity News

Extraordinary You ပြီးသွားသည့်တိုင် Ro Woon နှင့် Lee Jae Wook တို့ကြားကရင်းနှီးမှု

SF9 ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ro Woon ဟာ Kpop idol တစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အလားအလာကောင်းတွေရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူခေါင်းဆောင်အနေနှင့် ပါဝင်ခဲ့တဲ့ Extraordinary You ဇာတ်လမ်းတွဲဟာလည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။

ထိုဇာတ်လမ်းတွဲမှာ သူနဲ့အတူ ပြိုင်ဖက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Jae Wook နှင့်လည်းအတော်လေး ရင်းနှီးခဲ့ပါတယ်။ မကြာသေးမီကမှပြုလုပ်ခဲ့တဲ့ Vogue Korea ရဲ့အင်တာဗျူ းမှာ Ro Woon ကသူနှင့် Lee Jae Wook တို့ကြားက ရင်းနှီးမှုအတိုင်းအတာကို ဖြေကြားခဲ့ပါတယ်။

အင်တာဗျူးမှာ Ro Woon ကို “အခုလတ်တလောမှာ ဘယ်သူနဲ့ဖုန်းအပြောဆုံး ဖြစ်မလဲဆိုပြီး” မေးမြန်းခဲ့ရာမှာတော့ ” Lee Jae Rook ဖြစ်မယ်ထင်တယ်။ သူနဲ့က အခုလတ်တလောမှာ ဖုန်းပြောအဖြစ်ဆုံးပဲ” ဆိုပြီးဖြေခဲ့ပါတယ်။

Ro Woon ဆီကနေအခုလို အဖြေကြားပြီးနောက် MC က Lee Jae Wook အတွက်စကားလက်ဆောင်လေး ပါးပေးပါဦးဆိုပြီး တောင်းဆိုခဲ့တယ်။ Ro Woon လည်း ” Jae Wook, ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ပျော်ပျော်ရွှင်ရွှင် နေပါ” ဆိုပြီး စကားပါးလိုက်ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ Extraordinary You ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်မှ စတင်ရင်းနှီးခဲ့သော်လည်း အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ အသက်အရွယ်အားဖြင့်လည်း မတိမ်းမယိမ်းဆိုတော့ ပေါင်းရသင်းရတာ ပိုလို့အဆင်ပြေကြတဲ့ ပုံပါပဲ။

အခုအထိအလည်း အဆက်အသွယ်ရှိကြသေးတဲ့ပုံထောက်ရင်တော့ နှစ်ယောက်စလုံးရဲ့ သံယောဇဉ်က တော်ရုံတန်ရုံခင်မင်ရုံတော့ မဟုတ်လောက်ဘူး။ Extraordinary You ပရိတ်သတ်ကြီးကတော့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကို အတော်လေးသဘောကျနေကြပါတယ်။

Source: SBS star
Written: Phoo Phoo

Share