Categories: Celebrity News

မိန်းကလေးတစ်ယောက်ကို ဓာတ်ပုံချောင်းရိုက်တဲ့တရားခံကို Son Min Ho နဲ့ တူတူဖမ်းခဲ့တာပါဆိုတဲ့ Kim Min Seok

Kim Min Seok တို့ကတော့ ရဲရင့်ရုံတင်မက ကိုယ့်ကိုကိုယ်ပါ နှိမ့်ချတတ်ပါသေးတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က Kim Min Seok ဟာ မိန်းကလေးတစ်ယောက်ကို ဓာတ်ပုံချောင်းရိုက်တဲ့ တရားခံကို ကိုယ်တိုင်ဖမ်းပြီး ရဲလက်အပ်ခဲ့တယ်ဆိုတဲ့ သတင်းအများအပြားထွက်ခဲ့ပါတယ်။

ဒီသတင်းတွေကိုတော့ Kim Min Seok က တရားခံဖမ်းခဲ့တာ သူတစ်ယောက်တည်းမဟုတ်ပဲ သူငယ်ချင်း Son Min Ho နဲ့ အတူတူဖမ်းခဲ့တာ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်ပဲ ဖြေရှင်းသွားပါတယ်။ Kim Min Seok ပြောခဲ့တာကတော့ ” ကျွန်တော်အဲ့ဒီနေ့က သူငယ်ချင်း Son Min Ho နဲ့အတူတူ တရားခံကိုဖမ်းခဲ့တာပါ။

ကျွန်တော်တစ်ယောက်တည်း ဒီလိုသတိပြုခံရပြီး ချီးကျူးခံရတဲ့အတွက် တကယ်ကို အားနာမိပါတယ်။ ကျွန်တော်တို့ လုပ်သင့်တဲ့ အရာကို လုပ်လိုက်တာပါ။ ကျွန်တော်တို့မဟုတ်လည်း ဘယ်သူမဆို ဒီလိုလုပ်ကြမှာပါ။

ဒီအဖြစ်အပျက်ကို ဒီလိုလူသိပြီး ကျွန်တော့်ကို ချီးကျူးနေကြတာ အရှက်တောင် ရမိပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဘယ်လောက်တောင် စိတ်ထားကောင်းလိုက်တာပါလိမ့်နော်။ Son Min Ho ကတော့ Kim Min Seok နဲ့ အေဂျင်စီတူ သူငယ်ချင်းပါ။

Son Min Ho ဟာ ၂၀၀၈ ခုနှစ်မှစလို့ မော်ဒယ်လ် အနေနဲ့ အနုပညာလုပ်ငန်းစခဲ့ပြီး Music video အများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းသရုပ်ဆောင်မှုတွေအနေနဲ့တော့ Yellow , Moment စတဲ့ Web drama တွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး “The Third Charm”, “Miss Hammurabi” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Source: Soompi
Written: Gyi Gyi

Share