Categories: Celebrity News

G-Dragon ရဲ့ instagram post ကိုကြည့်ပြီး comeback လာတော့မှာလားလို့ ထင်ကြေးပေးနေကြ

Comeback လည်းမရှိတာနဲ့ စင်ပေါ်မှာဖျော်ဖြေနေတဲ့ Big Bang ကိုမတွေ့ရတာနှစ်နှစ်ကျော်လို့ သုံးနှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ဒါပေမယ့် မကြာသေးမီက G-Dragon တင်ထားတဲ့ instagram post ကနေတစ်ဆင့် ပရိတ်သတ်တွေက comeback အတွက်မျှော်လင့်ချက်ရောင်ခြည်သန်းလာပါပြီ။

G-Dragon ကရိုက်ကွင်းတစ်ခုနောက်ခံနဲ့ သူ့ရဲ့ selfie ပုံတွေတင်ခဲ့တာဖြစ်ပြီး caption ကရုပ် ရှင်ရိုက်ကွင်းတွေမှာသုံးတဲ့ Clapperboard ပုံလေးမို့လို့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကပိုမိုမြင့်တက်လာပါတယ်။

ရိုက်ကွင်းက တောင်တန်းတွေဘေးက ဆောက်လုပ်ရေးလုပ်ငန်းခွင် ပုံစံဖြစ်ပြီး post မှာ သူ့သူငယ်ချင်း ဒါမှမဟုတ် staff လို့ထင်ရသူနှစ်ယောက်လည်းပါဝင်ပါတယ်။ ဒီပုံကိုမြင်ပြီးနောက်မှာတော့ ပရိတ်သတ်တွေကြားက comeback ရှိနေပြီလားဆိုတဲ့ ထင်ကြေးက ပိုမိုများပြားလာခဲ့ပါတယ်။ BIGBANG ရဲ့နောက်ဆုံး comeback က၂၀၁၈ ခုနှစ်တုန်းက Flower Road ဖြစ်ပြီး ဒီသီချင်းက သူတို့စစ်မှုမထမ်းခင် Goodbye Song ဆိုပြီးထုတ်ပေးခဲ့တာပါ။

BIG BANG က Stage ဖျော်ဖြေမှုအနေနဲ့ ဒီနှစ် ဧပရယ်လအတွင်း Coachella မှာဖျော်ဖြေဖို့လုပ်ထားပေမယ့် ကူးစက်မြန် ကိုဗစ်ရောဂါ ကြောင့်အစီအစဉ်ပျက်ခဲ့ရတာပါ။Comeback မရှိတာလည်းကြာပြီး Stage ပေါ်မလည်းမတွေ့ရတာလည်း နှစ်နှစ်ကျော်ပြီမို့ ဒီတစ်ခေါက် KING တွေရဲ့ Comeback ကသာထင်ကြေးပဲမဟုတ်ပဲ အမှန်ဆို စောင့်ရကျိုးနပ်ပါပြီ။

Source : Koreaboo
Written : Helra

Share