Categories: Celebrity News

Hotel တွင်းမှာ ဆေးလိပ်သောက်ပြီး ပြဿနာဖြစ်စေခဲ့တယ်ဆိုတဲ့ သတင်းတွေကို Seolhyun ငြင်းဆို

လွန်ခဲ့တဲ့ကာလတစ်ခုက နာမည်ကျော် girl group အဖွဲ့ဝင်တစ်ဦးဟာ ထိုင်းနိုင်ငံက Hotel တစ်ခုမှာ အခန်းတွင်းဆေးလိပ်သောက်ပြီး fire alarm မြည်အောင် လုပ်ခဲ့တာကြောင့် အခြားဧည့်သည်တွေကို ထိတ်လန့်စေခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးတစ်ပြိုင်နက်မှာပဲ အဲ့ဒီ မိန်းကလေး idol ဟာ AOA အဖွဲ့ဝင် Seolhyun ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

E channel ဆိုတဲ့ မီဒီယာတစ်ခုက အဲ့ဒီသတင်းတွေ ထွက်လာပြီး အဆိုပါ idol ရဲ့ပုံပန်းသွင်ပြင်နဲ့ပတ်သတ်ပြီးတော့လဲ ‘အဲ့ဒီ idol ဟာ ကြည်လင်ပြီးအပြစ်ကင်းတဲ့အလှမျိုးနဲ့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးရှိပြီး အကျင့်စရိုက်လဲကောင်းပေမယ့် ဆေးလိပ်သောက်တာနဲ့ ဆဲဆိုတာကိုတော့ မလုပ်ပဲမနေနိုင်ဘူး’ လို့ ဖွင့်ချခဲ့ပါတယ်။

အဲ့ဒီနောက်လဲ အဆိုပါ idol ဟာ ယောက်ျားလေးပရိတ်သတ်များစွာရှိတဲ့ အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ကြော်ငြာရိုက်ကူးဖို့ရောက်နေခဲ့တုန်းက ဒီလိုဖြစ်ရပ်မျိုးဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် အချို့သော netizen တွေဟာ ၂၀၁၆ ခုနှစ်က Seolhyun တစ်ယောက် ထိုင်းမှာကြော်ငြာရိုက်ခဲ့တဲ့ကိစ္စကို ဆက်စပ်ပြီး စွပ်စွဲခဲ့ကြတာပါ။

FNC Entertainment ကတော့ အဆိုပါ idol ဟာ Seolhyun လုံးဝမဟုတ်ကြောင်းနဲ့ သတင်းမှားဖြန့်သူတွေကို တရားဥပဒေအရအရေးယူသွားမယ်လို့ ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။ AOA အနေနဲ့လဲ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရချိန်မို့ ဒီကိစ္စဟာ ကောလဟာလတစ်ခုသာဖြစ်ပေမယ့် Seolhyun ကတော့ စိတ်အနှောင့်အယှက်ဖြစ်နေမှာ အမှန်ပါပဲ။

Source: Koreaboo
Written: Dar Dar

Share