Categories: Celebrity News

တစ်ချိန်ကအောင်မြင်ခဲ့ပေမယ့် အခုတော့ ကိုယ့်ကိုကိုယ် discount ပေးနေရတဲ့ မိန်းကလေးအနုပညာရှင်ရဲ့အဖြစ်

ရုပ်သံအစီအစဉ်တစ်ခုမှာ သတင်းထောက် Kim Ji Hyun က sponsor တွေနဲ့ပတ်သတ်လို့ ထိပ်တန်းမင်းသမီးတစ်ယောက်ရဲ့ မန်နေဂျာကို ဆက်သွယ်မေးမြန်းခဲ့ရာက အောင်မြင်နေတဲ့မိန်းကလေးအနုပညာရှင်တွေကို ပစ်မှတ်ထားနေတဲ့ စပွန်ဆာတွေရဲ့ အံ့ဩစရာအဖြစ်ကို ကြားသိခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒီမန်နေဂျာကနေ သတင်းထောက်ကို အသိပေးခဲ့တဲ့အချက်တွေထဲမှာ ကိုရီးယားအနုပညာလောကမှာလဲ sponsor တွေဟာ ပေါပေါများများရှိနေကြောင်း၊ တချို့လုပ်ငန်းရှင်တွေဆိုရင် ကြော်ငြာအတွက်လိုလို အလုပ်အပ်တာအတွက်လိုလိုနဲ့ မန်နေဂျာကနေတစ်ဆင့် ဆက်သွယ်တတ်ကြောင်း၊ တစ်ခါတစ်လေ မသိတဲ့ဖုန်းနံပတ်တွေကတစ်ဆင့် အလုပ်အတွက်ညှိနှိုင်းမယ်လို့ ကမ်းလှမ်းချက်ပေးပြီး ဘာအလုပ်လဲဆိုတာ မပြောတတ်ကြောင်းတွေ ပါရှိပါတယ်။

အများသောအားဖြင့်တော့ sponsor တွေက မင်းသမီးတွေ မိန်းကလေး idol တွေကို စတင်ဆက်သွယ်တာကများပေမယ့် တစ်ချို့ဇာတ်လမ်းတွေမှာ မိန်းကလေးက sponsor ကို စတင်ကမ်းလှမ်းရတာတွေလဲ ရှိပါတယ်တဲ့။

သတင်းထောက် Choi Jung Ah ပြောပြတဲ့ ဒီဇာတ်လမ်းကတော့ အားလုံးကို တအံ့တဩနဲ့ ဆွံ့အသွားစေခဲ့ပါတယ်။ တစ်ချိန်ကတော့ အရမ်းအောင်မြင်ခဲ့ပြီး အနုပညာလောကကအချိန်အကြာကြီးအနားယူခဲ့တဲ့ အနုပညာရှင်ဟာ ငွေရေးကြေးရေးအခက်အခဲတွေ ရင်ဆိုင်နေရတာကြောင့် စပွန်ဆာကို အသဲအသန်ရှာခဲ့ပါတယ်တဲ့။

နာမည်ကြီးအသိုင်းအဝိုင်းက သွားဆရာဝန်ဆီကိုသွားပြီး သူ့ကို စပွန်ဆာပေးမယ်ဆို ဝမ် ၃၀ million ကနေ ဝမ် ၂၀ မီလီယံနဲ့ပဲ စျေးလျှော့ပေးမယ်လို့တောင် ပြောခဲ့ပါတယ်တဲ့။ ဒါပေမယ့် အဲ့လိုတန်ဖိုးလျှော့ပေးတာတောင် သွားဆရာဝန်က အဆုံးထိငြင်းဆိုခဲ့ပြီး သူ့ကိုယ်သူအထင်ကြီးစိတ်ဝင်သွားတာကြောင့် အဲ့ဒီသတင်းတွေကို လျှောက်ဖြန့်ခဲ့ပါတဲ့။

ဒါပေမယ့် သတင်းထောက်တွေကတော့ ဂုဏ်သိက္ခာကိုငဲ့ကွက်သောအားဖြင့် ထိုအမျိုးသမီးအနုပညာရှင်ဟာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။

Source : Koreaboo
Written : Dar Dar

Share