Categories: Celebrity News

Gaon Chart ရဲ့ ထိပ်ပိုင်းကိုသိမ်းပိုက်ထားတဲ့ EXO-SC နဲ့ BLACKPINK

ဒီအပတ်မှာလဲ Gaon Chart ရဲ့ထိပ်ပိုင်းနေရာအသီးသီးကို BLACKPINK နဲ့ EXO-SC ကသာ သိမ်းပိုက်ထားကြောင်း တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ soompi က ဖော်ပြထားပါတယ်။ နှစ်ဖွဲ့လုံးဟာ နံပါတ် (၁) ဆိုတဲ့ ငါးနေရာလုံးကို သိမ်းပိုက်ထားတာကတော့ EXO-L တွေအတွက်ရော BLINK တွေအတွက်ရော ဂုဏ်ယူစရာပါပဲနော်။

အဖွဲ့ဝင်နှစ်ဦးတည်း sub-unit အဖြစ် comeback ခဲ့တဲ့ EXO-SC ရဲ့ ‘1 Billion Views’ ဆိုတဲ့ album သစ်နဲ့ physical album chart မှာ နံပါတ် ၁ နဲ့ double crown ရရှိခဲ့ပြီး အယ်လ်ဘမ်ရဲ့ ခေါင်းစီးသီချင်းဖြစ်တဲ့ ‘1 Billion View’ သီချင်းကလဲ digital download chart မှာ နံပါတ် ၁ နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

BLACKPINK ကတော့ သူတို့ရဲ့ ‘How You Like That’ သီချင်းနဲ့ digital chart ၊ streaming chart တွေအားလုံးမှာ နံပါတ် ၁ တွေချည်းရရှိခဲ့ပြီး လွန်ခဲ့တဲ့အပတ်ကရရှိခဲ့တဲ့ ‘triple crown’ ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် Gaon’s Social Chart 2.0 မှာလဲ ရှစ်ပတ်ဆက်တိုက် အနိုင်ရရှိနေပါသေးတယ်တဲ့။

အခုလို ပြည်တွင်း music chart တွေမှာ အောင်မြင်မှုကိုယ်စီနဲ့ ထိပ်ပိုင်းနေရာကို သိမ်းပိုက်ထားတဲ့ ထိပ်တန်းအဖွဲ့နှစ်ဖွဲ့အတွက်ရော သူတို့ရဲ့ပရိတ်သတ်တွေအတွက်ရော ဂုဏ်ယူပါတယ်နော်။ BLACKPINK ရော EXO-SC ရော ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ မျှော်လင့်ပါတယ်။

Source : Soompi
Written : Dar Dar

Share