Categories: Celebrity News

Hotel Del Luna ကသုံးယောက်စလုံး အစီအစဉ်တစ်ခုထဲမှာ ပြန်ဆုံကြတဲ့အခါ

tVN ကထုတ်လွှင်တဲ့ မင်းသား Yeo Jin Goo ပါဝင်တဲ့ House on wheels အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာတော့ IU လည်းဧည့်သည်အဖြစ် လာခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ Hotel Del Luna ဇာတ်လမ်းတွဲမှာ တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေပါ။

အခုလိုနှစ်ယောက်စလုံး ပြန်ဆုံကြတဲ့အချိန်မှာတော့ ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်း ကောင်းမွန်တဲ့ အခိုက်အတန့်လေးကို ဖြတ်သန်းခဲ့ကြပါတယ်။ IU ရဲ့ House On Wheels မှအဖွဲ့ဝင်တွေနှင့်အတူ ပျော်ပျော်ပါးပါး Paragliding စီးခဲ့ကြတဲ့ ဗီဒီယိုတွေဟာလည်း ပရိတ်သတ်တွေကြား ပျံနှံခဲ့ပါတယ်။

နောက်အပတ်ထုတ်လွှင့်မယ့်အပိုင်းမှာတော့ BlockB အဖွဲ့ဝင် P.O လည်း ပါမှာပါ။ P.O ကတော့ Hotel Del Luna ဇာတ်လမ်းတွဲမှာ ဧည့်ကြိုကောင်လေးအနေနှင့် သရုပ်ဆောင်ခဲ့တာပါ။ Preview ထဲမှာတော့ P.O က IU နှင့် Yeo Jin Goo ကို ဘော့စ်နှင့်မန်နေဂျာလို့ခေါ်ပြီး ပြေးလာတာကို တွေ့ခဲ့ရပါတယ်။

P.O တစ်ယောက်လည်း IU နှင့် Yeo Jin Goo တို့ကိုတော်တော်လေး လွမ်းနေပုံရပါတယ်။ Hotel Del Luna ပြီးသွားသည့်တိုင် ခင်မင်မှုကတော့ လျော့မသွားခဲ့ပါဘူး။ Showရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Sung Dong ll, Kim Hee Won တို့နှင့်အတူ သူတို့သုံးယောက်စလုံးပါ မြစ်ကမ်းနံဘေးမှာ ပျော်ပျော်ပါးပါးညစာ စားကြရင်းစကားတွေ ပြောခဲ့ကြပါတယ်။

အားလုံးလည်း ပျော်စရာကောင်းတဲ့ အချိန်တစ်ခုကို ရနေကြတဲ့ပုံပါ။ ပရိတ်သတ်ကြီးလည်း House On Wheels ရဲ့အပိုင်းသစ် ထွက်လာရင်လည်း ကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။

Source: Soompi
Written: Phoo Phoo

Share