Categories: Celebrity News

ပိုစတာနဲ့တင် မင်းသား Ji Soo ကို ဂရုဏာသက်နေရပြန်တဲ့ ‘When I Was The Prettiest’

အောင်မြင်တဲ့ဇာတ်လမ်းတွဲတွေမှာ မင်းသမီးကိုချစ်ခင်မြတ်နိုးပေးပေမယ့် နောက်ဆုံးမှာတော့ ကျန်ရစ်ဖြစ်ရတဲ့ 2nd lead အဖြစ်သာ သရုပ်တောင်တာတွေများလို့ တောင်ကိုရီးယားရဲ့ nation’s second lead လို့တောင် စနောက်ခေါ်ဝေါ်ကြတဲ့ Ji Soo ဟာ သူပထမဆုံး main lead အဖြစ်ပါဝင်မယ့် When I Was The Prettiest ဇာတ်လမ်းတွဲရဲ့ ပိုစတာမှာလဲ ဂရုဏာသက်စရာလေး ဖြစ်နေပြန်ပါတယ်။

ညီအစ်ကိုနှစ်ယောက်လုံး အမျိုးသမီးတစ်ယောက်ကို တစ်ပြိုင်တည်းချစ်မိတဲ့ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးမှာတော့ Ji Soo နဲ့အတူ မင်းသား Ha Seok Jin မင်းသမီး Im Soo Hyang တို့ပါဝင်မှာပါ။

Ji Soo ကတော့ အထက်တန်းကျောင်းသားလေးအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Seo Hwan အဖြစ် သူ့အစ်ကို Seo Jin (Ha Seok Jin) ချစ်မိတဲ့ လက်မှုပညာရှင်မလေး Oh Ye Ji (Im Soo Hyang) ကိုပဲ သူကလဲ ချစ်မိပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။

ပိုစတာထွက်ရှိလာတဲ့အခါမှာတော့ Ji Soo တစ်ယောက်ဟာ သူ့အစ်ကိုနဲ့သူ့အချစ်ဦး အတူတူပျော်ရွှင်စရာအချိန်လေးဖန်တီးနေတဲ့အချိန်မှာ စိတ်အားငယ်စွာမှိုင်တွေနေပုံကို မြင်ရတာကြောင့် ပရိတ်သတ်တွေ ဂရုဏာသက်နေကြသလို အချို့ကလဲ Ji Soo ဟာ ဘယ်တော့မှ အချစ်ရေးကံမကောင်းပါလားလို့ အရွှန်းဖောက်နေကြပါတယ်။

တကယ်ကံကောင်းမကောင်းကိုတော့ ‘When I Was The Prettiest’ ဇာတ်လမ်းတွဲထုတ်လွှင့်မယ့် ဩဂုတ်လ ၁၉ ရက်နေ့မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော်။

Source : Soompi
Written : Dar Dar

Share