Categories: Celebrity News

BLACKPINK ရဲ့သီချင်းသစ်မှာ Ariana Grande ပါဝင်လာမယ်လို့ထင်ကြေးပေးနေကြ

ဇူလိုင်လ ၂၃ ရက်နေ့က BLACKPINK အဖွဲ့ဝင်တွေရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ သီချင်းအသစ်အတွက် teaser ပုံတင်ပေးခဲ့လို့ ပရိတ်သတ်တွေက ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

သီချင်းက ဩဂုတ်လထဲမှာထွက်ရှိ လာမှာဖြစ်ပြီး featuring ဆိုပေးမယ့် အဆိုတော် ကိုအမည်မဖော်ပြထားပဲ ကွက်လပ်ချန်ထားခဲ့လို့ ပရိတ်သတ်တွေက ဖြစ်နိုင်မယ့်သူကို ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။

ထင်ကြေးအများဆုံးပေးခံရသူကတော့ ပရိတ်သတ်အချစ်တော် အမေရိကန်အဆိုတော်တစ်ဦးဖြစ်တဲ့ Ariana Grande ပဲဖြစ်ပါတယ်။ ဒီလိုထင်ကြေးပေးခံရတဲ့ အကြောင်းရင်းတွေကလည်း တိတိကျကျရှိနေလို့ ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကပိုမိုတောင်မြင့်တက်လာနေပါပြီ။

ပထမအချက်က Jennie ရဲ့ instagram မှာ Teaser ပုံတင်ပြီးမကြာခင်မှာပဲ Ariana က like ပေးခဲ့ပါတယ်။ ဒါ့အပြင် Ariana နဲ့အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ သီချင်းထုတ်လုပ်သူ Tommy Brown ကလည်း Jennie ရဲ့ post ကိုပဲ Like ပေးခဲ့ပါတယ်။

အခုထိ YG Entertainment ကဘာမှထုတ်ပြန်အတည်ပြုပေးတာမရှိသေးလို့ BLINKs တွေအနေနဲ့ တိတိပပ ပျော်လို့မရသေးတာကတော့ အားမရစရာပါ။ တကယ်သာ Ariana Grande ပါလာမယ်ဆိုရင်တော့ နှစ်ဖက်လုံးက အမိုက်စားတွေပဲမို့ သီချင်းကောင်းတစ်ပုဒ်ဖြစ်လာမှာ အသေအချာပါပဲ။

Source : SBS Star
Written : Helra

Share