Categories: Celebrity News

သွားလေသူ Jonghyun အကြောင်း ပြောပြလာတဲ့ Lee Hi

မကြာသေးမီက Lee Hi တစ်ယောက် 1theK Originals ရဲ့ @Look Me Up” အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။ ဒီ အစီအစဉ်မှာတော့ Lee Hi ဟာ သွားလေသူ Jonghyun ရဲ့အကြောင်းနဲ့ Jonghyun ရေးဖွဲ့ပေးထားတဲ့ သီချင်း “Breath” ရဲ့အကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။

ဒီအစီအစဉ်အတွင်းမှာ ပရိသတ်တွေက Lee Hi သီဆိုခဲ့သီချင်း “Breath” ဟာ သူတို့အတွက် နှစ်သိမ့်အားပေးမှုတွေ ပေးခဲ့တဲ့သီချင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Lee Hi မှလည်း Jonghyun ရေးပေးခဲ့တဲ့ Breath ဟာ သူမအပေါ်လည်း နှစ်သိမ့်အားပေးခဲ့တဲ့ သီချင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီလိုသီချငိးကောင်းလေး ရေးပေးခဲ့တဲ့ Jonghyun ကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

တချိန်က Breath ဟာ သူမအတွက် သီဆိုနေစဉ်ကော နားထောင်နေစဉ်ကော စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းတဲ့ သီချင်းတစ်ပုဒ်ပါတဲ့။ သို့သော်လည်း Jonghyun ဆုံးပါးသွားပြီးတဲ့နောက်တော့ အစစ အရာရာဟာ ပြောင်းလဲသွားခဲ့ရပါတော့တယ်။

Lee Hi ကတော့ ” ဒီလိုအဖြစ်ဆိုးကြီး ဖြစ်ခဲ့ပြီးတဲ့ နောက်မှာ ကျွန်မတွေးမိတာက ကျွန်မဒီသီချင်းကို ဆက်ဆိုလို့ ဖြစ်နိုင်ပါ့မလားဆိုတာပါပဲ။ ဒီသီချင်းနားထောင်တိုင်း ကျွန်မ မျက်ရည်ဝဲရပါတယ်။ ဒါ့ကြောင့် ကျွန်မ ဒီတစ်သက် Breath ကို live ဆိုလို့တောင် မရတော့ဘူးလို့ ထင်ခဲ့မိပါတယ်။”

SHINee အဖွဲ့ဝင်ဖြစ်တဲ့ Jonghyun ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ အမြဲတက်ကြွနေတဲ့ Jonghyun ရဲ့ ဒီလိုသတင်းဆိုးဟာ ကိုရီးယားနိုင်ငံကိုသာမက ကမ္ဘာအရပ်ရပ်ကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

Jonghyun ဟာ သူအသက်ရှိစဉ်ကာလအတွင်း တန်ဖိုးမဖြတ်နိုင်တဲ့ သီချင်းပေါင်းများစွာကို ဖန်တီးပေးခဲ့ပါတယ်။ Jonghyun နဲ့ သူ့ရဲ့ အနုပညာဟာ နှစ်ပေါင်းများစွာ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ထင်ကျန်နေအုံးမှာပါ။

Source: Koreaboo
Written: Gyi Gyi

Share