Categories: Celebrity News

အိမ်ထောင်သက်တမ်း ၉ နှစ်ပြည့်ဆင်နွှဲနေကြတဲ့ Eugene နဲ့ Kim Tae Young

ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ Eugene နဲ့ Ki Tae Young တို့ကတော့ အိမ်ထောင်သက်တမ်း ၉ နှစ်တောင် ပြည့်သွားကြပါပီနော်။ Eugene ကိုတော့ “ဝေဟင်ထက်က ချစ်ပုံပြင်”၊ “ပေါင်မုန့်ချစ်သူ” စတဲ့ ဇာတ်လမ်းတွေနဲ့ မြန်မာပရိသတ်တွေ ရင်းနှီးကြမှာပါ။

ခင်ပွန်းဖြစ်သူ Kim Tae Young ကတော့ “To The Beautiful you”၊ “Scandal” စတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ Eugene ဟာ သူမရဲ့ Instagram မှာ ခင်ပွန်းဖြစ်သူ Kim Tae Young နဲ့ နှစ်ပတ်လည်ဆင်နွှဲနေတဲ့အကြောင်း တင်ခဲ့ပါတယ်။

သူမရဲ့ Caption မှာ ရေးထားတာတွေကတော့ ” ၉ နှစ်တောင်ပြည့်သွားပီပဲ။ အချိန်တွေကုန်တာ မြန်လိုက်တာ။ ကလေးတွေမပါပဲ နှစ်ယောက်တည်းတူတူ လျှောက်မလည်ရတာတောင် ကြာခဲ့ပီနော်။ အခုဆိုရင်တော့ လက်ထပ်ခဲ့တာ ၉ နှစ်ကြာခဲ့ပါပီ။

ယုံတောင်မယုံနိုင်ဘူး။ အမြဲ မိသားစုအတွက် အကောင်းဆုံးကြိုးစားပေးတဲ့ ကျွန်မရဲ့ ခင်ပွန်း။ ကျေးဇူးတင်ပြီး ချစ်ပါတယ်” ဆိုပြီး Romantic ဆန်စွာပဲ ဆင်နွှဲခဲ့ပါတယ်။ Eugene နဲ့ Kim Tae Young တို့ဟာ ၂၀၀၉ ခုနှစ် “Creating Destiny” ဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၁၁ ခုနှစ်မှာ လက်ထက်ခဲ့တာပါ။

သမီးကြီး Rohee ကိုတော့ ၂၀၁၅ မှာ မွေးဖွားခဲ့ပီး သမီးငယ် Lorin ကိုတော့ ၂၀၁၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ရွှေလက်တွဲနိုင်ပီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soompi
Written: Gyi Gyi

Share