Categories: Celebrity News

BVLGARI ရဲ့ brand ambassador အဖြစ်ရွေးချယ်ခံလိုက်ရပြန်တဲ့ BLACKPINK’s Lisa

ကမ္ဘာကျော် luxury brand တွေနဲ့ အကျွမ်းတဝင်ရှိပြီး ထို brand တွေနဲ့လဲ အလုပ်တွဲလုပ်နေကျ BLACKPINK အဖွဲ့ဝင် Lisa ကိုတော့ ဇွန်လ ၂၄ ရက်နေ့မှာပဲ BVLGARI ရဲ့ brand amassador အဖြစ်ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း BVLGARI ကနေ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ Lisa ရဲ့ ambassador အဖြစ် ခန့်အပ်ခံရမှု ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ‘Lisa ကို brand ambassador အဖြစ် ခန့်အပ်လိုက်ရခြင်းကတော့ သူ့ရဲ့ရဲရင့်ပြီး ပြိုင်ဘက်ကင်းတဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ သူ့ရဲ့ခေတ်မှီပြီး ဖက်ရှင်ကျတဲ့ fashion icon ပုံရိပ်ဟာ ကျွန်တော်တို့ brand ရဲ့ပုံရိပ်နဲ့ ကိုက်ညီမှုရှိလို့ပါ’ လို့လဲ အနုပညာရှင်တွေအများကြီးထဲကမှ Lisa ကိုရွေးချယ်ခဲ့ရခြင်းအကြောင်းကိုလဲ ပြောပြခဲ့ပါသေးတယ်။

Lisa ဟာ ဒီလို ambassador အဖြစ် ခန့်အပ်မခံရခင်မှာလဲ BVLGARI ရဲ့ ‘Serpenti’ နဲ့ ‘B.Zero 1’ ကော်လက်ရှင်တွေရဲ့ digital campaign တွေ မှာလဲ သူ့ရဲ့လန်းဆန်းပြီး ချစ်စရာကောင်းသလို စတိုင်ကျတဲ့ဆွဲဆောင်မှုကို လှစ်ဟပြသခဲ့ပြီး လက်တွဲလုပ်ကိုင်ဖူးသူဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေအားလုံးရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ အဖွဲ့လိုက်သာမက တစ်ဦးချင်းစီရဲ့ အဆင့်အတန်းမြင့်မားတဲ့ ဖက်ရှင်အမြင်ကြောင့် ကမ္ဘာ့ဖက်ရှင်လောကရဲ့ မျက်စိကျခြင်းကို ခံရသလို အဖွဲ့ဝင်အားလုံးကလဲ နာမည်ကျော် brand တွေရဲ့ ambassador အဖြစ် ခန့်အပ်ခြင်းခံထားကြရပါတယ်။

Souce : Soompi
Written : Dar Dar

Share