Categories: Celebrity News

BTS အဖွဲ့ဝင်တွေပါဝင်မဲ့ In the SOOP ဆိုတဲ့ Series တစ်ခု မကြာမှီလာတော့မည်

2016 ခုနှစ်ကတည်းက BTS အဖွဲ့ဝင်တွေဟာ Bon Voyage လို့ခေါ်တဲ့ ခရီးသွားအစီအစဉ်တစ်ခုကို ရိုက်ကူးဖူးပါတယ်။ Europe, Hawaii, Malta, New Zealand စတဲ့နိုင်ငံတွေကို သွားရောက်ပြီး အစီအစဉ်တွေရိုက်ကူးခဲ့ဖူးပါတယ်။

အခုနှစ် 2020 မှာတော့ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် အခုအသစ်ထွက်ရှိမည့် Series ကိုယခင်ပုံစံနှင့် မတူဘဲ တင်ဆက်သွားမယ်လို့ သိရပါတယ်။ ထို series အသစ်ကို In The Soop လို့ ခေါ်တွင်ပြီး အဓိပါ္ပယ်ကတော့ (တောထဲမှာ) လို့ ယူဆရပါတယ်။

Big Hit Entertainment ကနေထုတ်ပြန်ထားတဲ့ အဆိုပါ seriesကိုဒီနာမည်နှင့်ပဲ Korea Media Rating Board မှာလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ ထုတ်လွှင့်မဲ့အပိုင်းတွေကတော့ အဆင်သင့်ဖြစ်နေပြီး Korea MediaRating Board ကခွင့်ပြုပြီးတာနှင့် ထုတ်လွှင့်တော့မှာပါ။

In the Soop ကတော့ BTS အဖွဲ့ဝင်များအနေနှင့် ကိုရီးယားအပန်းဖြေစခန်းတစ်ခုမှာ Camping ထွက်တဲ့ပုံစံမျိုး အနေနှင့် တွေ့ရနိုင်တယ်ဆိုပြီး ပရိတ်သတ်တွေကတော့ ထင်ကြေးပေးနေကြပါတယ်။ BTS အဖွဲ့ဝင်တွေ အနေနဲ့ game တွေလည်းကစားရင်း၊ အပန်းဖြေကြမဲ့ အစီအစဉ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ARMY တွေအတွက်တော့ အဆိုပါအစီအစဉ်ဟာ အပတ်စဉ်စောင့်ကြည့်ရမယ့် Program တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ မကြာမီတွင်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ထွက်လာလို့ရှိရင်လည်း အားပေးဖို့မမေ့ကြပါနဲ့ဦးနော်။

Source: Soompi
Written: Phoo Phoo

Share