Categories: Celebrity News

လိုအပ်နေသူတွေကို အမျိုးသမီးသုံးပစ္စည်းလေးတွေလှူဒါန်းခဲ့တဲ့ Yoo Jae Suk

ဒီနှစ် ဧပရယ်လတုန်းက Yoo Jae Suk တစ်ယောက် ဒေါ်လာ ၄၁,၅၆၀ (မြန်မာငွေ သိန်းပေါင်း ၅၈၀ ကျော်) တန်ဖိုးရှိတဲ့ ငွေတွေကို G Foundation ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ G Foundation ဆိုတာက ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ လိုအပ်နေသူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်း တစ်ခုပါ။

ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ ဒီလှူဒါန်းငွေတွေကို ကိုရီးယားနိုင်ငံတစ်ဝှမ်းလုံးကလိုအပ်နေတဲ့ မိန်းကလေးတွေအတွက်လှူဒါန်ပြီးသွားပြီလို့ထုတ်ပြန်ခဲ့ပါတယ်။ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေက မိန်းကလေးတွေ ဓမ္မတာလာချိန်လိုအပ်တဲ့ပစ္စည်းတွေဖြစ်ပြီး အများစုက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ Feminine wash တွေနဲ့ လစဉ်လိုအပ်တဲ့ပစ္စည်းတွေထည့်ဖို့အိတ်လေးတွေကအစ အသေးစိတ်ပါဝင်ပါတယ်။

ဒါ့အပြင်လိုအပ်နေတဲ့သူတွေအတွက်အားပေးစာလေးတစ်စောင်ပါ ပါဝင်ပါသေးတယ်။ ဒါတွေကိုလက်ခံရရှိတဲ့မိန်းကလေးတွေအများစုက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက မရှိမဖြစ်ပေမယ့် စျေးကြီးလို့ ဒီလိုလက်ခံရရှိတာ ဝမ်းသာမိပြီး ရေးပေးထားတဲ့စာလေးကလည်း အားတက်ဖွယ်ပါလို့ ပြောကြားခဲ့ကြပါတယ်တဲ့။

G Foundation ရဲ့ ဥက္ကဋ္ဌ Park Choong Kwon ကလည်း “ဒီလိုမိန်းကလေး အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းဖို့ခွင့်ပြုပေးတဲ့ Yoo Jae Suk ကိုလည်းအတိုင်းမသိကျေးဇူးတင်မိပါတယ်။

နောက်ပိုင်းလည်း လိုအပ်နေတဲ့သူတွေကို အများကြီးကူညီနိုင်အောင်ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး တကယ်လိုအပ်နေတဲ့ ပစ္စည်းကို လိုအပ်နေတဲ့အချိန်ကွက်တိလှူဒါန်းပေးလို့ မိန်းကလေးတွေကလည်း ကျေးဇူးတင်နေမှာပါ။

Source : Soompi
Written : Helra

Share