Categories: Celebrity News

ပရိတ်သတ်တွေကို မျက်ရည်လည်စေခဲ့တဲ့ မင်းသား Oh Jung Se ရဲ့လုပ်ရပ်

ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပြီး အခုလဲ autism ဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်ကာ ပရိတ်သတ်တွေကို ရသမျိုးစုံခံစားရအောင် စွမ်းဆောင်နိုင်တဲ့ It’s Okay To Not Be Okay မှာ Moon Sang Tae အဖြစ်ပါဝင်ခဲ့သူ မင်းသား Oh Jung Se ရဲ့လုပ်ရပ်လေးတစ်ခုဟာ ပရိတ်သတ်တွေကြားမှာ လူပြောများနေတဲ့အကြောင်းအရာလေးဖြစ်နေပါတယ်။

ဒါကတော့ မင်းသား Oh Jung Se ဟာ လက်ရှိသူပါဝင်သရုပ်ဆောင်နေတဲ့ It’s Okay To Not Be Okay ထဲက သူ့ရဲ့ဇာတ်ရုပ် Moon Sang Tae လို ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ သူ့ရဲ့ပရိတ်သတ် Bae Boum Jun နဲ့ တစ်နေ့တာ ကစားကွင်းမှာ အတူလည်ပတ်ပြီး အချိန်ဖြုန်းပေးတယ်ဆိုတဲ့အကြောင်းကို Bae Boum Jun ရဲ့ ညီမဖြစ်သူက လူမှုကွန်ယက်မှာ မျှဝေထားတာပါ။

ကာယကံရှင်ရဲ့ ညီမဖြစ်သူပြောကြားချက်အရတော့ It’s Okay To Not Be Okay ထဲက Moon Sang Tae ရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ပြီး autism ဖြစ်တဲ့ အစ်ကိုဖြစ်သူ Bae Boum Jun ဟာ သူ့ပုံစံနဲ့အတော်လေးတူနေတာကြောင့် Sang Tae ကို ချစ်ခင်စိတ် ကာကွယ်ပေးချင်စိတ်တွေဖြစ်လာပြီး Sang Tae ဆီကိုခေါ်သွားပေးဖို့လဲ အကြိမ်ကြိမ်ပူဆာခဲ့တယ်လို့ဆိုပါတယ်။

Sang Tae ကို ချစ်ခင်စိတ်ဘယ်လောက်တောင်များနေသလဲဆိုရင် Sang Tae နဲ့တွေ့ရင် လုပ်ချင်တဲ့အရာတွေကိုပါ စာရင်းနဲ့မှတ်ထားတဲ့အထိပါပဲတဲ့။ Bae Boum Jun ရဲ့ ဆန္ဒကတော့ ပြည့်ဝသွားတယ်လို့ဆိုရမှာပါ။

မင်းသား Oh Jung Se ဟာ အလုပ်တွေမအားတဲ့ကြားက Bae Boum Jun နဲ့တွေ့ဆုံခဲ့ပြီး အတူရှိနေတဲ့တစ်လျှောက်လုံးလဲ မင်းသား Oh Jung Se အဖြစ်မဟုတ်ပဲ Bae Boum Jun နဲ့အခြေအနေတူတဲ့ Moon Sang Tae အဖြစ်သာ ဝတ်စားဆင်ယင်ပြီး ပြောဆိုပြုမူနေတာမို့ Bae Boum Jun ရဲ့ညီမဖြစ်သူဟာ မျက်ရည်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။

Bae Boum Jun ရဲ့ စာရင်းထဲက လုပ်ချင်တဲ့အရာတွေဖြစ်တဲ့ Lotte World ကစားကွင်းကိုသွားလည်တာ၊ camping ကားစီးတာ စတာတွေကို အကုန်အတူလုပ်ခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့ကြတဲ့အပြင် It’s Okay To Not Be Okay ထဲက ဒိုင်နိုဆောရုပ်လေးပါလက်ဆောင်ပေးခဲ့ပါတယ်တဲ့။ Bae Boum Jun ရဲ့ပျော်ရွှင်မှုကို မှန်းဆကြည့်တာနဲ့တင် မျက်ရည်လည်စရာပါနော်။

Oh Jung Se ရဲ့ဒီလုပ်ရပ်ကိုတော့ ပရိတ်သတ်တွေ အားလုံး လေးစားမဆုံးဖြစ်နေကြသလို Bae Boum Jun ရဲ့ညီမကလဲ Oh Jung Se ကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောခဲ့သလို ဒီလိုလူမျိုးလောကကြီးမှာ ရှိနေတာ အရမ်းဝမ်းသာမိကြောင်းနဲ့ အခုချိန်ကစပြီး Moon Sang Tae ရဲ့ပရိတ်သတ်သာမက Oh Jung Se ရဲ့ ပရိတ်သတ်အဖြစ်ခံယူလိုက်ပြီဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

Source : Koreaboo
Written : Dar Dar

Share