Categories: Celebrity News

အမြန်ဆုံး 100 Million Views ရတဲ့ Boy Group Debut MV ဖြစ်လာတဲ့ X1 ရဲ့ FLASH

X1 ဆိုတာ Mnet ကဦးစီးတဲ့ Reality Competition Show တစ်ခုဖြစ်တဲ့ Produce X 101 ကနေဖြစ်လာတဲ့ အဖွဲ့ဝင် ၁၁ ယောက်နဲ့ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ပြီးမှ စိတ်မကောင်းစရာတွေနဲ့ အဆုံးသတ်ခဲ့တာမို့ ပရိတ်သတမတွေမေ့ပျောက်လို့မရသေးတဲ့ အဖွဲ့လဲဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်က X1 ရဲ့ debut သီချင်းဖြစ်တဲ့ Flash MV ဟာ 100 Million Views ရရှိခဲ့ပါတယ်။ ဒီ MV က ၂၀၁၉ ဩဂုတ် ၂၇ ရက်ကမှထွက်ထားတာဖြစ်လို့ ဒီလိုအောင်မြင်မှုရဖို့ ၁၀ လနဲ့ ၂၉ ရက်သာကြာခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဟာ TXT ရဲ့ CROWN MV ကိုကျော်ပြီး သမိုင်းတစ်လျှောက် အမြန်ဆုံး 100 Million Views ရတဲ့ ယောက်ကျ်ားလေး Group Debut MV ဖြစ်လာခဲ့ပါတယ်။ CROWN MV တုန်းက 100 Millions ရဖို့ ၁၁လနဲ့၁၁ရက်ကြာခဲ့တာပါ။

Kpop group တွေအားလုံးအနေနဲ့ကြည့်မယ်ဆိုရင်တော့ မိန်းကလေးအဖွဲ့ဖြစ်တဲ့ DALLA DALLA က 100 Million Views ရဖို့အမြန်ဆုံးဖြစ်ခဲ့ပြီး ဒီလိုရဖို့ ၂၈ရက်နဲ့ ၁၄နာရီသာကြာမြင့်ခဲ့ပါတယ်။

X1 အနေနဲ့အကြောင်းအမျိုးမျိုးကြောင့် Disband ပြီးနောက်မှာတောင် ဒီလိုအောင်မြင်မှုတွေရနေတဲ့အတွက် အခုချိန်ထိသာရှိနေသေးရင် လျှမ်းလျှမ်းတောက်အောင်မြင်နေဦးမယ်ဆိုတာသေချာလို့ Disband ဖြစ်သွားခဲ့တာ နှမြောစရာပါ။ ဘာပဲဖြစ်ဖြစ်ဒီလိုအောင်မြင်မှုနဲ့တင် One It တွေအတွက်တော့ အဖိုးမဖြတ်နိုင်စရာဂုဏ်ယူရမယ့်အချိန်ပါ။

Source : Soompi
Written : Helra

Share