Categories: Celebrity News

Ong Seung Wu နဲ့ Shin Ye Eun တို့ပါဝင်ထားတဲ့ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခု

လူကြိုက်များကျော်ကြားတဲ့ တက်သစ်စ သရုပ်ဆောင်လေးများ ဖြစ်ကြတဲ့ Ong Seong Wu နဲ့ Shin Ye Eun တို့ရဲ့ ဇာတ်လမ်းတွဲသစ်ကို မကြာမီမှာ ကြည့်ရှုနိုင်တော့မှာပါ။


ဇာတ်လမ်းရဲ့ နာမည်ကိုတော့ “Chances of Going from Friends to Lovers” လို့ပေးထားပြီး ငယ်သူငယ်ချင်းအချစ်ကို ပုံဖော်ရိုက်ကူးပြသွားမှာပါ။ ငယ်သူငယ်ချင်းလေးနှစ်ယောက် ၁၀ နှစ်ကြာ အချင်းချင်းတိတ်တခိုးချစ်နေကြတဲ့ ဇာတ်လမ်းလေးပေါ့။


Ong Seong Woo ကတော့ တည်ငြိမ်အေးဆေးတဲ့ ဓာတ်ပုံပညာရှင်လေး Lee Soo အဖြစ်သရုပ်ဆောင်သွားမှာပါ။ Shin Ye Eun ကိုတော့ ငယ်သူငယ်ချင်းလေးကို ၁၀ နှစ်ကြော်ကြာ တတ်တခိုးချစ်ခဲ့ရတဲ့ Calligrapher လေး Kyung Woo Yeon အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် Ong Seong Wu နဲ့ Shin Ye Eun တို့ဟာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ အမြင်တွေကိုလည်း ပြောသွားပါသေးတယ်။ Ong Seong Woo ကတော့ Shin Ye Eun ရဲ့ လန်းဆန်းတက်ကြွတဲ့ ပုံစံတွေဟာ ဇာတ်ကောင် Kyung Woo Yeon နဲ့ လိုက်ဖက်ပါတယ်လို့ ချီးကျူးထားပါတယ်။

Shin Ye Eun မှလည်း အမြဲတပါးသူအပေါ် စဉ်စားပေးတတ်တဲ့ Ong Seong Wi ကြောင့် ငယ်သူငယ်ချင်း သံယောဇဉ်ကို အခက်အခဲမရှိ ပြသနိုင်ခဲ့တာပါလို့ ကျေးဇူးတင်စကားပြောထားပါတယ်။


“Chances of Going from Friends to Lovers” ဇာတ်လမ်းတွဲကိုတော့ စက်တင်ဘာလမှာ စတင်ပြသသွားမှာဖြစ်ပြီး JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။


သူငယ်ချင်းအချစ်ကနေ ချစ်သူအဆင့်ကို ရောက်ဖို့ ကြိုးစားကြမယ့် Drama ဆိုတော့ လူငယ်တွေအတွက် ကြည့်ရှုရင်း ရင်ခုန်မှုတွေ ရရှိစေနိုင်မယ့် ဇာတ်လမ်းတွဲလို့ထင်မိပါတယ်။ ဒါ့ကြောင့် စက်တင်ဘာလမှစပြီး စောင့်ကြည့်ကြရအောင်နော်။

Source: Soompi
Written: Gyi Gyi

Share