Categories: Celebrity News

ဩဂုတ်လထဲမှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာဖို့ရှိတဲ့ BTS

ဇူလိုင်လ ၂၆ ရက်နေ့ ကိုရီးယားညသန်းခေါင်ချိန်တုန်းက BTS ရဲ့ V Live မှာ Voice Only Radio လွှင့်နေချိန် ဝမ်းသာစရာသတင်းတစ်ပုဒ်ကြေညာခဲ့ပါတယ်။

အစပိုင်းမှာတော့ သူတို့အဖွဲ့ရဲ့နောက်ထပ်ထွက်လာမယ့် Album အကြောင်းပြောနေခဲ့ကြတာဖြစ်ပြီး ဒီနှစ်အစပိုင်းကကြေညာထားပုံအရဆို ဒီ album ထဲမှာသူတို့ကအနုပညာအလုပ်အပြင် အဖွဲ့ဝက်တစ်ဦးချင်းစီက ထုတ်လုပ်မှုအပိုင်းတစ်ပိုင်းစီကိုတာဝန်ယူပြီး Project Managers တွေအဖြစ်ပါတာဝန်ယူသွားမှာမို့ အနုပညာစွမ်းရည်အပြင် အခြားအရည်အချင်းတွေလည်းရှိတယ်ဆိုတာကို ပြသခွင့်ရမယ့် album တစ်ခုဖြစ်လာမှာနော်။

Live ထဲမှာပြောသွားခဲ့တဲ့ သတင်းကောင်းက album တစ်ခုလုံးကတော့ နှစ်ကုန်ပိုင်းမှထွက်မှာဖြစ်ပေမယ့် Digital Single တစ်ပုဒ်ကို ဩဂုတ်လ ၂၁ ရက်နေ့မှာထုတ်ပေးဖို့ရှိနေပါပြီတဲ့။ ဒီသီချင်းက Summer Song မြူးမြူးလေးဖြစ်ပြီး သီချင်းစာသားက English ဘာသာနဲ့ဆိုတော့ နိုင်ငံတကာပရိတ်သတ်တွေကလည်း ရွှင်မြူးနေကြပါပြီ။

နောက်ထပ်သတင်းကောင်းတစ်ခုက Album အသစ်အတွက်လည်း Jacket Filming တွေပြီးပြီလို့ပြောပြခဲ့ကြပါသေးတယ်။ BigHit ကလည်းသီချင်းအသစ်အကြောင်းကို WeVerse မှာအတည်ပြုပေးပြီပြီဆိုတော့ ARMY တို့ပျော်လို့ရပါပြီ။

Source: Soompi
Written: Helra

Share