Categories: Celebrity News

Crash Landing On You Season2 သာရှိခဲ့ရင် Yoon Se-Riကို ကလေးအမေတစ်ယောက်အနေနှင့်တွေ့ရနိုင်

Crash Landing On You ဇာတ်လမ်းတွဲဟာ ၂၀၂၀ ထွက်ရှိတဲ့ ဇာတ်လမ်းတွဲတွေထဲမှ အောင်မြင်တဲ့ Drama တစ်ခုပါ။ Hyun Bin နှင့် Son Ye Jin တို့ရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ နိုင်ငံတကာမှပရိတ်သတ်တွေရဲ့ အချစ်ကိုလည်း ရရှိထားတာပါ။

ဒါ့ကြောင့်မို့လည်း Crash Landing On You ဇာတ်လမ်းတွဲကို Season 2 ထွက်ရှိစေချင်တဲ့ ပရိတ်သတ်တွေလည်း အတော်များပါတယ်။ ပရိတ်သတ်အတော်များများကတော့ Season 2 ထွက်ရှိနိုင်ဖို့အရေးကို စစ်တမ်းကောက်ထားပြီး သက်ဆိုင်ရာကို တင်ထားကြတယ်လို့သိရပါတယ်။

tvN နှင့် Netflix တို့ကို Change.org မှတဆင့် Season2 ပြုလုပ်ပေးရန် အသနားခံစာ တင်ထားကြတာပါ။ Hyun နှင့် Son Ye Jin တို့ရဲ့ သရုပ်ဆောင်မှုတွေကို နောက်ထပ်တစ်ခေါက် ထပ်တွေ့ချင်ကြသေးသူတွေကတော့ ဒီကိစ္စနှင့်ပက်သက်ပြီး အသည်းအသန်ကြိုးစားနေကြပါတယ်။

Netflix မှထုတ်လွှင်ခဲ့တဲ့ စီးရီးများထဲမှ “The Best International Shows On Netflix” ဆို၍ Variety Magazine ကလည်းဖော်ပြထားပါတယ်။ Crash Landing On You ဇာတ်သိမ်းပိုင်းမှာတော့ Ri Jeong Hyeok နှင့် Yoon Se Ri တို့ဟာ Switzerland မှာပြန်စုံစည်းကြပြီး ပျော်ရွှင်စွာ နေထိုင်သွားကြတယ်ဆိုတဲ့ပုံစံလေးနှင့် ဇာတ်သိမ်းခဲ့တာပါ။

ဒါ့ကြောင့်လည်း ပရိတ်သတ်တွေက ဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်တာတွေ၊ ကလေးလေးတွေရလာတာတွေဟာ ကျိန်းသေပေါက် ဆက်ဖြစ်လာမယ့်ကိစ္စတွေဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ Season 2 သာအကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနှင့် ဒီဇာတ်ဝင်ခန်းတွေကို ကြည့်ရဖို့ အသင့်ပြင်ထားလိုက်ပါတော့။

မျှော်လင့်လို့ရတာတစ်ခုကတော့ Netflix အနေနှင့်လည်း ဒီလောက်အောင်မြင်ခဲ့တဲ့ စီရီးတစ်ခုကို ပရိတ်သတ်က Season 2 သာတောင်းဆိုတာများလါလျှင် ရိုက်ကူးပေးဖို့ အလားအလာ အများကြီးရှိပါတယ်။ အခုအချိန်ထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။ Season 2 ဖြစ်လာပါစေလို့ပဲ ဆုတောင်းရင်း စောင့်ကြရအောင်ပါ။

Source: Devdiscourse
Written: Phoo Phoo

Share