Categories: Celebrity News

Ji Chang Wook နှင့် Kim Ji Won တို့ပါဝင်မယ့် ဇာတ်လမ်းတွဲအသစ်အကြောင်း

တောင်ကိုရီးယားရဲ့ A-List (ထိပ်တန်းသရုပ်ဆောင်စာရင်း) သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ji Chang Wook နှင့် Kim Ji Won တို့ဟာ ဇာတ်လမ်းတွဲအသစ်တစ်ခု ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်မယ့် PD ကလည်း ယခုလတ်တလောမှာ နာမည်ကြီးနေတဲ့ It’s Okay To Not Be Okay ရဲ့ PD တစ်ဦးလည်း ဖြစ်ပါတယ်။ llgan Sports ရဲ့ပြောကြားချက်အရ Ji Chang Wook နှင့် Kim Ji Won တို့ဟာ KakaoTV ၏ Laws of City Men and Women ဇာတ်လမ်းတွဲအတိုမှာ အဓိကအနေနှင့် ပါဝင်ကြမှာပါ။

KakooTV မှထုတ်လွှင့်မှာ ဖြစ်တဲ့အတွက် သာမန် drama တွေရဲ့ပုံစံမျိုးတွေနှင့်တော့ မတူပါဘူး။ ပါဝင်မယ့်အပိုင်းအားဖြင့် ၁၂ပိုင်းပါမည်ဖြစ်ပြီး episode တစ်ခုရဲ့ကြာချိန်ကတော့ ၂၅မိနစ်ပဲ ဖြစ်ပါတယ်။

ရိုက်ကူးရေးပိုင်းမှာလည်း It’s Okay To Not Be Okay ရဲ့ PD မှဦးဆောင်ရိုက်ကူးမှာဖြစ်ပြီး သူယခုရိုက်ကူးနေတဲ့ It’s Okay ဇာတ်လမ်းတွဲပြီးရင်တော့ ချက်ချင်းအကောင်အထည်ဖော်တော့မှာပါ။

ဒါဟာ Kim Ji Won အတွက်လည်း Arthdal Chronicles ဇာတ်လမ်းတွဲအပြီးမှာ ခေါင်းဆောင်အဖြစ်ရိုက်ကူးတာဖြစ်ပြီး Ji Chang Wook အတွက်လည်း Backstreet Rookie အပြီးနောက်ထပ် အလုပ်သစ်တစ်ခုလည်း ဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ အခုလိုထိပ်တန်း မင်းသားနှင့် မင်းသမီး နှစ်ဦးတို့ရဲ့ အနုပညာလက်ရာအသစ်ကို မျှော်လင့်ထားကြပါတယ်။ ထွက်ရှိလာရင် အားပေကြဖို့ မမေ့ကြပါနဲ့ဦးနော်။

Source: Koreaboo
Written: Phoo Phoo

Share