Categories: Celebrity News

စစ်မှုထမ်းတော့မယ့် Zico အတွေက် Song Mino လုပ်ပေးခဲ့တဲ့ အရာလေးက?

Zico နဲ့ Song Mino တို့ဟာတော့ ငယ်စဉ်ကတည်းက ညီအစ်ကိုလို ခင်မင်ခဲ့ကြတာသိကြပြီး ဖြစ်မှာပါနော်။ Mino ဟာ စစ်မှုထမ်းတော့ရမယ့် အစ်ကိုဖြစ်သူကို လုပ်ပေးခဲ့တဲ့အရာလေးက တကယ့်ကို နွေးထွေးလှပါတယ်။

အဲ့တာကတော့ Mino ဟာ Zico အတွက် အိမ်လက်ရာ ဟင်းလျာတွေကို ပြင်ဆင်ပေးထားခဲ့ပါတယ်။ Zico ဟာ သူ့ရဲ့ Instagram မှာ Mino ပြင်ပေးထားတဲ့ စားစရာတွေရဲ့အလယ်မှာ စားသောက်နေတဲ့ Video clip လေးကိုတင်ပေးခဲ့ပါတယ်။

Mino ကတော့ တကယ့်ကို အစားအစာပေါင်းစုံပြင်ပေးထားခဲ့တာပါ။ ကိုရီးယား အရံဟင်းလျာပေါင်းစုံ၊ ငါးကြော်တွေနဲ့ ကိုရီးယားတွေအတွက် မပါမဖြစ် ဂင်မ်ချီ ပြင်ပေးထားခဲ့ပါတယ်။ Zico ကလည်း ” အရသာရှိရှိနဲ့ ကောင်းကောင်းစားခဲ့ပါတယ်” ဆိုပြီး Mino ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့မှစပြီး Zico ဟာ သူ့ရဲ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်တော့မှာပါ။ အစစအရာရာ ပြည့်စုံနေတဲ့ Zico အတွက် Mino ပြင်ပေးထားတာလေးက တကယ့်ကို နွေးထွေးစေခဲ့တယ်လို့ ထင်ပါတယ်။ Mino တို့ကတော့ စိတ်ကူးကောင်းလိုက်တာနော်။

Source: Allkpop
Written: Gyi Gyi

Share