Categories: Celebrity News

လက်ရှိအေဂျင်စီနဲ့ စာချုပ်ထပ်ချုပ်ခဲ့ပြီး အနုပညာအလုပ်တွေ လုပ်ဖို့ရှိသေးတဲ့ Kim Tae Hee

ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ Kim Tae Hee ရဲ့ အေဂျင်စီဖြစ်တဲ့ Story J က မင်းသမီးနဲ့စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Kim Tae Hee ဟာ ဒီအေဂျင်စီ စတင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက လက်တွဲခဲ့သူဖြစ်ပြီး အေဂျင်စီအပေါ် ယုံကြည်မှုလဲရှိတယ်လို့ဆိုပါတယ်။

စာချုပ်သစ်ချုပ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး Story J ရဲ့တာဝန်ရှိသူကလဲ ‘Kim Tae Hee နဲ့ ထပ်မံလက်တွဲဖြစ်တာကတော့ ကျွန်တော်တို့ကြားကရင်းနှီးမှုနဲ့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုက အနုပညာရှင်နဲ့ အေဂျင်စီတွေကြားက သာမာန်ဆက်ဆံရေးနဲ့ ကွာခြားလို့ပါ။

ရှေ့လျှောက်လဲ Kim Tae Hee ရဲ့ အနုပညာလုပ်ငန်းတွေကို ပံ့ပိုးပေးရုံသာမက အဖက်ဖက်ကနေ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောကို အကောင်းဆုံး ဂရုစိုက်ပေးသွားမှာပါလို့ ဆိုပါတယ်။

Kim Tae Hee အနေနဲ့တော့ ဒီလိုသူ့အပေါ်ဂရုစိုက်တဲ့ အေဂျင်စီနဲ့ထပ်မံလက်တွဲဖြစ်တယ်ဆိုတော့ ဝမ်းသာစရာပါပဲ။ သူ့ရဲ့အေဂျင်စီ Story J ကနောင်လာမယ့် အနုပညာလှုပ်ရှားမှုနဲ့ပတ်သတ်ပြီးတော့လဲ နောက်ဆုံးထွက်ရှိထားတဲ့ tvN ရဲ့ Hi Bye Mama ဇာတ်လမ်းတွဲအပြီး လာမယ့်အနုပညာလှုပ်ရှားမှုအတွက်လဲ ဆွေးနွေးတိုင်ပင်နေကြောင်း Kim Tae Hee ကတော့ သေချာမဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

Source : Soompi
Written : Dar Dar

Share