Categories: Celebrity News

Han Sunhwa ရဲ့ သူ့မောင်လေး c အပေါ် ထားရှိတဲ့သဘောထား

လက်တလောထုတ်လွှင့်ပြသနေတဲ့ Backstreet Rookie ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီး Han Sun Hwa နဲ့ သူ့ရဲ့မောင်ဖြစ်တဲ့ X1, Viction တို့ရဲ့ အဖွဲ့ခေါင်းဆောင် Han Seung Woo တို့ကတော့ 1st Look မဂ္ဂဇင်းအတွက် ဓာတ်ပုံအတူတူရိုက်ကူးခဲ့ကြပါတယ်။

နှစ်ယောက်လုံးကတော့ ချောမောတဲ့ဗီဇတွေ ခန္ဓာကိုယ်ထဲမှာ အပြည့်မို့ နှစ်ယောက်လုံးကိုတစ်ပြိုင်တည်း မြင်ရတာမျက်လုံးတွေ ကျိန်းသွားသလိုပါပဲ။ ရုပ်လဲဆင်သလို အနုပညာရပ်ဝန်းထဲမှာ အသီးသီးအောင်မြင်နေကြတဲ့ ဒီမောင်နှမနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းလဲ ပံ့ပိုးကူညီကြပါတယ်။

Photoshoot အပြီး အင်တာဗျူးမှာတော့ Han Sunhwa ဟာ idol ဖြစ်တဲ့ သူ့မောင်လေး စင်ပေါ်မှာဖျော်ဖြေနေတာကိုတွေ့ရတဲ့အခါ ဘယ်လိုခံစားရကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ “စင်ပေါ်မှာဖျော်ဖြေနေတဲ့ Seungwoo ကိုကြည့်ရရင် သိပ်တောင်မမှတ်မိချင်ဘူး အရမ်းကိုတော်လွန်းလို့ တစ်ခါတစ်လေဆို ဒါ ငါနဲ့အတူကြီးပြင်းခဲ့တဲ့ အိမ်ကမောင်လေးမှ ဟုတ်ရဲ့လားတောင်စဉ်းစားမိတယ်။

သူ့အတွက်အရမ်းကို ဂုဏ်ယူရတယ် ဒါပေမယ့်တစ်ခါတစ်လေမှာလဲ ထူးထူးဆန်းဆန်းသနားပြီး စိတ်ပူမိပြန်ရော သွေးသားအရင်းအချာဖြစ်နေတာကိုး” လို့ သူ့ရဲ့မောင်လေးအပေါ်မှာ ထားရှိတဲ့ ခံစားချက်ကို ပြောပြခဲ့တာပါ။

Han Sunhwa ကလဲ လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပေမယ့် Secret အဖွဲ့ဝင်တစ်ဦး ဖြစ်တာမို့ သူ့မောင်လေးကို အကြံဉာဏ်တွေ ပေးဖြစ်မယ်ထင်ပါတယ်။ မောင်ဖြစ်သူ Han Seungwoo ကလဲ မကြာခင် solo debut တော့မှာဖြစ်တဲ့အတွက် မောင်နှမနှစ်ယောက်လုံး အောင်မြင်မှုတွေ ပိုတိုးလို့ရရှိဦးမှာပါ။

Source: Soompi
Written: Dar Dar

Share