Categories: Celebrity News

Lee Jae Wook ရဲ့ရုပ်ရှင်ရိုက်ကွင်းကို Coffee Truck ပို့ပြီးအားပေးခဲ့တဲ့ Hyunbin

Hyun Bin နဲ့ Lee Jae Wook တို့နှစ်ဦးက Memories of the Alhambra ဆိုတဲ့ ဒရမ်မာမှာလည်းတူတူပါဝင်သရုပ်ဆောင်ဖူးပြီး Hyunbin ဖွင့်ထားတဲ့ VAST entertainment မှာလည်း အလုပ်တူတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုတွေပါ။

ဇူလိုင်လ ၂၇ ရက်နေ့က Lee Jae Wook ကသူ့ရဲ့ရုပ်ရှင်ရိုက်ကွင်းကို Hyun Bin ပို့ပေးတဲ့ Coffee Truck ကိုဓာတ်ပုံရိုက်ပြီး Instagram မှာ “ကျေးဇူးတင်ပါတယ် sunbaebim” ဆိုတဲ့ caption နဲ့တင်ခဲ့ပါတယ်။

ဒီနေရာမှာ Sunbaenim လို့သုံးနှုန်းလိုက်တာက သူ့ထက်အရင် debut ထားတဲ့ စီနီယာအနေနဲ့သုံးလိုက်တာပါ။ Coffee Truck ရဲ့ Banner မှာလည်း “Do Do Sol Sol La La Sol” ရုပ်ရှင်အဖွဲ့သားတွေအတွက် မင်းသား Hyun Bin နဲ့ VAST Entertainment ကအားပေးတာပါ လို့လည်း တလေးတစားရေးသားခဲ့ပါတယ်။

Lee Jae Wook ရိုက်ကူးနေတဲ့ ဒရမ်မာက Goo La La (Go Ara)ဆိုတဲ့ စန္ဒရားပညာရှင်မလေးတစ်ဦးအကြောင်းဖြစ်ပါတယ်။ သူမကရွာငယ်လေးတစ်ရွာက စန္ဒရားသင်ပေးတဲ့ကျောင်းမှာ လျှိုဝှက်တတ်တဲ့Sun Woo Joon (Lee Jae Wook) နဲ့တွေ့ပြီး ချစ်မိသွားတဲ့ပုံစံမျိုးဖြစ်ပြီး romantic comedy အမျိုးအစားပါတဲ့။ ဒါကိုလည် august လလောက်မှာထုတ်လွှင့်ဖို့ မျှော်မှန်းထားတာကြောင့် ကြည့်စရာဇာတ်လမ်းတွဲအသစ်လေးတော့တိုးလာဦးမှာပါ။

Source : Soompi
Written : Helra

Share