2gether ရဲ့ ပရိသတ်လေးတွေအတွက် သတင်းကောင်းလေးပါ။ သောကြာနေ့လေးတွေကို ပြန်လည်အသက်သွင်းပေးအုံးမယ့် 2gether ရဲ့ Special Episodes တွေကို Still2gether အနေနဲ့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
မူရင်း ရိုက်ကူးထုတ်လုပ်သူ ဖြစ်တဲ့ GMM ကတော့ Still2gether ထုတ်လွှင့်ပြသမယ့်ရက်တွေနီးကပ်လာတာကို သူတို့ရဲ့ Facebook စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။ Caption နဲ့တင် ရင်ခုန်စရာပါပဲ။ “မင်းရဲ့ သောကြာနေ့လေးတွေ ပြန်လာတော့မယ်” ဆိုတဲ့ Caption လေးနဲ့အတူ Teaser ပုံအချို့ကိုလည်း ချပြခဲ့ပါတယ်။ ဩဂုတ်လမှာ စတင် ထုတ်လွှင့်ပြသမယ်လို့ သိရပြီး အပိုင်း ၅ ပိုင်း ထုတ်လွှင့်ပြသသွားမှာပါ။
မူရင်း 2gether: The Series မှာ ဝေဖန်ခံရမှုတချို့ ရင်ဆိုင်ခဲ့ရတဲ့နောက်မှာတော့ Still2gether ကို ဒါရိုက်တာအသစ်နဲ့ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ဒါရိုက်တာအသစ်ကိုတော့ ပရိသတ်အများအပြားက Still2gether ကို ကောင်းမွန်စွာပဲ့ကိုင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Still2gether မှာတော့ Sarawat နဲ့ Tine တိုဲ့ Relationship ကို Sarawat ဘက်မှ ခံစားရိုက်ကူးသွားမှာပါ။ Sarawat တစ်ယောက် ဘယ်လို ဥာဏ်နီဉာဏ်နက်တွေသုံးပြီး Tine ကို လိုက်ခဲ့လည်း ဆိုတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် Man နဲ့ Type တို့ရဲ့ Relation, Phukong နဲ့ Mil တို့ရဲ့ Relation တို့ကိုလည်း ရိုက်ကူးတင်ဆက်သွားမှာပါ။
Source: My Drama List
Written: Gyi Gyi