Categories: Celebrity News

“Train To Busan” ရဲ့ နောက်ဆက်တွဲ “Peninsula” ရဲ့ လတ်တလော အောင်မြင်မှုများ

Peninsula ကတော့ အောင်မြင်မှုတွေများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ “Trian to Busan” ရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင်ပြသခဲ့တဲ့ “Peninsula” ဟာ ပြသခြင်း ၂ ပတ်မှာပဲ ရုပ်ရှင်ကြည့်ရှုသူ ၃ သန်းကျော် ရရှိခဲ့တာပါ။

ဆက်လက်ပြီးလည်း Box Office မှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေပါတယ်။ ဒီလိုအောင်မြင်မှုအတွက် အဓိကသရုပ်ဆောင်များဖြစ်ကြတဲ့ Kang Dong Won, Lee Jung Hyun, Lee Re နဲ့ ဒါရိုက်တာ Yeon Sang Ho တို့ရဲ့ ဂုဏ်ပြုပွဲကျင်းပတဲ့ ပုံနဲ့အတူ “Peninsula” ထုတ်လုပ်ရေး ကုမ္ပဏီမှ သူတို့ရဲ့ Instagram မှတစ်ဆင့် ကြည့်ရှုသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“Train To Busan” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်တဲ့ “Peninsula” ဟာ အောင်မြင်မှုတွေ ဆက်တက်သိမ်းပိုက်နေခဲ့တာပါ။ ရုံတင်ပြသခြင်း ၄ ရက်မြောက်မှာတင် ကြည့်ရှုသူ ၁ သန်းရရှိခဲ့ပြီး တစ်ပတ်ပြည့်မှာတော့ ကြည့်ရှုသူ ၂ သန်းထိ ဆွဲဆောင်နိုင်ခဲ့တာပါ။

“Peninsula” ကတော့ ၂၀၁၆ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ “Train To Busan” ပြသပြီး ၄ နှစ်မြောက်မှာ ပြသနေတဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ “Peninsula” ရဲ့ Box Office အောင်မြင်မှုတွေကလည်း အံ့မခန်းစရာပါ။

အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း နဲ့ မွန်ဂိုလီးယားတို့ရဲ့ Box Office မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိက၊ ဥရောပ နဲ့ နယူးဇီလန်တို့မှာလည်း ဩဂုတ်လတွင် ရုံတင်ပြသသွားအုံးမှာပါ။ ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ “Peninsula” ရဲ့ အဖွဲ့သားတွေအတွက်တော့ ဝမ်းသာဂုဏ်ယူမိပါတယ်။

Source: Soompi
Written: Gyi Gyi

Share