Categories: Celebrity News

Kim Jae Hwan, Jung Se Won, Kim Woo Seok နဲ့ Lee Jin Hyuk တို့ပါဝင်သွားမယ့် Variety Show အသစ်

Produce 101 Boys တွေကို Variety Show တစ်ခုထဲမှာ မြင်တွေ့ရတော့မှာပါနော်။ အမျိုးအစားကတော့ Web Variety Show ဖြစ်ပါတယ်။ “Boys Mental Camp” လို့ အမည်ပေးထားတဲ့ ဒီ Variety Show မှာ Kim Jae Wan, Jung Se Won, Kim Woo Seok နဲ့ Lee Jin Hyuk တို့ ပါဝင်သွားမှာပါ။

“Boys Mental Camp” ရဲ့ ရည်ရွယ်ချက်ကတော့ များပြားလှတဲ့ အလုပ်အချိန်ဇယားတွေပြည့်နေတဲ့ K-Pop Idol တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အပန်းပြေစေဖို့အတွက် သဘာဝအလှတွေခံစားနိုင်မယ့် Outdoor Healing Camp ဆီ ဖိတ်ခေါ်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Host လုပ်သွားမှာကတော့ Weekly Idol နဲ့ Idol Room တို့ကို Host လုပ်ခဲ့ဖူးတဲ့ Defconn ပါ။

အခုဆိုရင်တော့ Teaser ပုံတွေတောင် ထွက်လာပြီဖြစ်ပါတယ်။ Teaser ပုံတွေမှာဆိုရင်တော့ Boy Scout ပုံစံတွေအဖြစ် ဝတ်စားထားတဲ့ Cast member တွေရဲ့ ပျော်ရွှင်နေတဲ့ ပုံတွေကို မြင်တွေ့ရမှာပါ။ ဒီ အစီအစဉ်ကိုတော့ ဩဂုတ်လ ၇ ရက်နေ့မှစတင်ပြီးတော့ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Source: Soompi
Written: Gyi Gyi

Share