Categories: Celebrity News

ဒဏ်ရာကြောင့် အနားယူနေရတဲ့ Red Velvet Wendy ရဲ့ လက်ရှိအခြေအနေက

Red Velvet ရဲ့ Wendy ဟာ ဒဏ်ရာကြောင့် အနားယူနေရတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ Wendy ရဲ့ ဒဏ်ရာရပုံကတော့ Kpop Idols တွေနဲ့ ပရိသတ်တွေအတွက် တုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။

Wendy ဟာ ၂၀၁၉ ခုနှစ် SBS Year-end Song Festival ရဲ့ Rehearsal မှာ Accident တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာပါ။ SBS ဝန်ထမ်းတွေရဲ့ ဂရုမပြုမှုကြောင့် Wendy ဟာ Rehearsal အတွင်း ၂.၅ မီတာ အမြင့်ရှိတဲ့ စင်မြင့်ပေါ်ကနေ ပြုတ်ကျခဲ့ပြီး ဒဏ်ရာများစွာရရှိကာ Emergency Room ကို ရောက်ခဲ့ရပါတယ်။

အဲ့ဒီ့အချိန်ကစပြီး ဒဏ်ရာတွေပျောက်ကင်းဖို့ ကုသမှုတွေခံယူနေခဲ့ရတာပါ။ မကြာသေးမီက Red Velvet ဟာ အင်တာဗျူးတစ်ခုမှာ Wendy ကို လွမ်းနေတဲ့ ပရိတ်သတ်တွေအတွက် Wendy အကြောင်းပြောပြခဲ့ပါတယ်။ Wendy ဟာ ဒဏ်ရာတွေသက်သာလာပါပီတဲ့။

ဒါ့ကြောင့်ခုဆိုရင် နဂိုကျန်းမာရေးအခြေအနေရောက်အောင် လေ့ကျင့်ခန်းလှုပ်ရှားမှုတွေလည်း လုပ်နေပါတယ်တဲ့။ နေ့ရက်တိုင်း နေ့ရက်တိုင်းကိုလည်း ကြိုးကြိုးစားစား ဖြတ်သန်းနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ အဆိုအရည်အသွေးကို ထိန်းထားဖို့လည်း Practice room ကိုလည်း သွားပါသေးတယ်တဲ့နော်။

တကယ့်ကို ကြိုးစားတဲ့ Wendy ပါပဲ။ Wendy ဟာ အဖွဲ့ဝင် တွေကိုလည်း အမြဲဆက်သွယ်ပြီး အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲစောင့်ကြည့်အားပေးနေပါတယ်တဲ့။ ဒါ့အပြင် ဝမ်းသာစရာတစ်ခုက Red Velvet ဟာ အဖွဲ့ဝင် ၅ ယောက်လုံးပါမယ့် Comeback လုပ်ဖို့လည်း ပြင်ဆင်နေပါပီဆိုတဲ့အကြောင်း ပြောသွားပါသေးတယ်။

ReveLuvs တွေတော့ စိတ်လှုပ်ရှားနေကြပြီထင်ပါတယ်။ Summer Queen တွေဖြစ်တဲ့ Red Velvet ရဲ့ Comeback အတွက် စိတ်ရှည်ရှည်နဲ့ စောင့်​ဆိုင်းကြရအောင်နော်။

Source: Koreaboo
Written: Gyi Gyi

Share