Categories: Celebrity News

Mnet ရဲ့ ‘Kingdom’ အစီအစဉ်ကို ၂၀၂၀ မှာ မထုတ်လွှင့်နိုင်တော့တဲ့ အကြောင်းအရင်း

Queendom အစီအစဉ်ရဲ့ ကြောက်ခမန်းလိလိအောင်မြင်မှုကြောင့် ပိုစိတ်ဝင်စားစရာကောင်းပြီး ပွဲဆူမယ့် Kingdom အစီအစဉ်ကို ထုတ်လွှင့်ဖို့ကြိုးစားခဲ့ပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ Ilgan Sports သတင်းဌာနရဲ့ ပြောကြားချက်အရတော့ ဒီနှစ်အတွင်းမှာတော့ မဖြစ်နိုင်တော့ပါဘူးတဲ့။

ရိုက်ကူးထုတ်လွှင့်မှု နှောင့်နေးနေရတဲ့ အကြောင်းအရင်းနဲ့ပတ်သတ်လို့တော့ ပြဿနာအမျိုးမျိုးရှိပြီး အရေးအကြီးဆုံးကတော့ lineup ပါတဲ့။ ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ ပရိတ်သတ်တွေကြိုမသိအောင် လျှို့ဝှက်ထားတဲ့ lineup ကို အကြိမ်ကြိမ်ပြောင်းလဲခဲ့ရပြီး ကောလဟာလတွေအမျိုးမျိုးပေါ်ပေါက်ခဲ့သလို lineup ထဲမှာ ပါဝင်တယ်လို့ ကောလဟာလထွက်တဲ့ idol group တွေရဲ့ အေဂျင်စီတွေကိုပါ ဆက်သွယ်မေးမြန်းသူတွေ ရှိခဲ့တာပါ။

နောက်အချက်အနေနဲ့ကတော့ အစီအစဉ်ရဲ့သဘာဝကိုက idol တွေကို ပြိုင်ပွဲစဉ်တွေကတစ်ဆင့် အဆင့်သတ်မှတ်ပေးတာမို့ idol တွေအတွက်လဲ ဝန်ပိရပြီး ဒီအစီအစဉ်မှာပါဝင်ဖို့ကို အေဂျင်စီတွေက idol တွေကို နားချရတယ်လို့ ဆိုပါတယ်။ ဒါတင်မကပဲ စင်မြင့်ပြင်ဆင်မှုအတွက် ကုန်ကျစရိတ်အနေနဲ့လဲ အေဂျင်စီတွေကသာ ပေးဆောင်ရပါတယ်တဲ့။

နောက်ဆုံးကတော့ Mnet ကြုံတွေ့နေရတဲ့ ဝေဖန်မှုတွေပါပဲ။ Road To Kingdom အစီအစဉ်မှာ Mnet ရဲ့ ပြိုင်ပွဲဝင်တွေအပေါ်ခွဲခြားမှုနဲ့ မျက်နှာပေးမှုတွေက ထောက်ပြစရာဖြစ်ခဲ့ပြီး အရင်က Queendom ရဲ့အောင်မြင်မှုကို မမှီခဲ့တာကြောင့် Kingdom ရဲ့ အောင်မြင်မှုအလားအလာဟာလဲ မထုတ်လွှင့်ခင်မှာ စဉ်းစားနေတဲ့အခြေအနေလို့ဆိုပါတယ်။

‘Kingdom အကြောင်းကို ကျွန်တော်ကြားခဲ့ပါတယ်။ နားလည်သလောက်ပြောရရင်တော့ ဒီနှစ်မှာ ထုတ်လွှင့်ဖို့မဖြစ်နိုင်ပါဘူး’ လို့ အတွင်းလူတစ်ဦးကလဲ koreaboo သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Mnet ကလဲ Kingdom ရိုက်ကူးဖို့ ဘာမှအတည်မပြုရသေးဘူးလို့ဆိုတာကြောင့် Kingdom အစီအစဉ်ကို စောင့်နေတဲ့ပရိတ်သတ်တွေအတွက်တော့ ၂၀၂၀ မှာ ကြည့်ရဖို့ မဖြစ်နိုင်တော့ပါဘူး။

Source : Koreaboo
Written : Dar Dar

Share