Categories: Celebrity News

Kim Hee Sun နဲ့ Joo Won တို့ရဲ့ ဇာတ်လမ်းတွဲသစ်အတွက် စတင်ပြင်ဆင်နေ

မင်းသမီး Kim Hee Sun နဲ့ မင်းသား Joo Won တို့ရဲ့ အသစ်ထွက်ရှိမယ့် sci-fi ဇာတ်လမ်းတွဲသစ် ‘Alice’ အတွက် ရိုက်ကူးရေးစတင်ဖို့ သရုပ်ဆောင်တွေအားလုံး ဇာတ်ညွှန်းစတင်ဖတ်ပြီး လေ့ကျင့်နေကြပြီလို့ သိရပါတယ်။

ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန်နဲ့ အချိန်ခရီးသွားအကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး Joo Won ကတော့ ‘Alice’ ဆိုတဲ့ စက်ပစ္စည်းတစ်ခုကနေတစ်ဆင့် အနာဂတ်ကာလကနေ ရောက်ရှိလာပြီး time travellers တွေအကြောင်းကို လေ့လာနေတဲ့ စုံထောက် Park Jin Gyeom နေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။

အကြောင်းအရင်းတွေအားလုံးရဲ့ အစပထမဖြစ်တဲ့ ‘Alice’ အကြောင်းကို စုံစမ်းဖော်ထုတ်ခဲ့ရာကနေ အတိတ်ကာလက Yoon Tae Yi ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြဦးမလဲ ကြည့်ရမှာပါ။

မင်းသမီး Kim Hee Sun ကတော့ Yoon Tae Yi နဲ့ Park Sun Young ဆိုတဲ့ ရုပ်ချင်းဆင်တူတဲ့ အမျိုးသမီးနှစ်ယောက်အနေနဲ့ ဇာတ်ရုပ်နှစ်ခုနဲ့ သရုပ်ဆောင်မှာဖြစ်သလို ငယ်ရွယ်စဉ်ဘဝနဲ့ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးရဲ့ဘဝကိုလဲ သရုပ်ဆောင်မှာမို့ စွမ်းရည်တွေကို အပြည့်အဝမြင်ရမှာပါ။

Kim Hee Sun နဲ့ Joo Won အပါအဝင် အခြားနာမည်ကျော်သရုပ်ဆောင်တွေနဲ့ ဇာတ်ပို့တွေလဲ ပါဝင်အားဖြည့်ထားတာမို့ ‘Alice’ ကတော့ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ပါ။ ဩဂုတ် ၂၈ ကစတင်ပြီး SBS ရုပ်သံလိုင်းကနေ သောကြာ စနေနှစ်ရက်လုံးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Source : Soompi
Written : Dar Dar

Share