Categories: Celebrity News

တစ်ယောက်နဲ့တစ်ယောက် အားပေးကြဖို့အတွက် ပြန်ဆုံကြတဲ့ Hospital Playlist အဖွဲ့

Hospital Playlist မှအဖွဲ့ဝင်တွေဟာ တစ်ယောက်နှင့်တစ်ယောက် အတော်လေးရင်းနှီးကြပြီး ဇာတ်လမ်းတွဲရိုက်ကူးပြီးသည်အထိတောင် အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ ဇူလိုင်လ ၂၉ရက်နေ့မှာ Yoo Yeon Seok ဟာသူတို့တွေ ပြန်ဆုံကြတဲ့ အထိမ်းအမှတ်အနေနှင့် Instagram မှာဓာတ်ပုံတွေ တင်ခဲ့ပါတယ်။

ဇာတ်လမ်းတွဲပီးသွားသည့်နောက် ကိုယ်ပိုင်အလုပ်ကိုယ်စီ ဖြစ်သွားကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် အားပေးချင်လို့ အခုလို Reunions လေးတွေလုပ်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။ Yoo Yeon Seok ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ ” Steel Rain 2:Summit” VIP Premire ရှိုးပွဲကိုလည်း Jeon Mi Do, Kim Dae Myung တို့ကတက်ရောက်ပြီး အားပေးခဲ့ကြပါတယ်။

တဦးတည်းသော မိန်းကလေးအဖွဲ့ဝင် Jeon Mi Do ၏ တေးဂီတဖျော်ဖြေပွဲတုန်းကလည်း Yoo Yeon Seok, Jung Kyung Ho, Kim Dae Myung နှင့် Jo Jung Suk တို့ကအဖွဲ့လိုက်သွားပြီး အားပေးလိုက်ကြပါသေးတယ်။

ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အားပေးကြသည့် ဓာတ်ပုံများကို Yoo Yeon Seok တစ်ယောက်ကတော့ IG မှာတင်ရင်းပရိတ်သတ်တွေကို ကြွားထားပါတယ်။ သူတို့ရဲ့ Squad ကလည်းတော်တော်လေးကို အားကျစရာကောင်းလောက်တဲ့ သံယောဇဉ်မျိုးရှိနေကြတာပါ။

Hospital Playlist ရိုက်ကူးစဉ်ကတည်းသူတို့တွေရဲ့ ဆက်ဆံရေးဟာ အခုအချိန်ထိ မပြောင်းလဲသေးတာကိုကြည့်ပြီး ပရိတ်သတ်တွေကတော့ သဘောကျနေကြပါတယ်။ အုပ်စုတစ်ခုလုံးကလည်း လူညီကြခဲ့တဲ့အတွက် Hospital Playlist ဇာတ်လမ်းတွဲဟာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ပရိတ်သတ်ကြီးမှာ အခုလိုအားကျစရာကောင်းတဲ့ သူငယ်ချင်းတွေရှိကြလား။ Comments မှာဆွေးနွေးနိုင်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share