Categories: Celebrity News

EXO-SC အတွက် Music Bank ရဲ့တောင်းပန်စကားနဲ့ 1 Billion Views ရဲ့ 1st Win

ဇူလိုင်လ ၂၄ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ မှားပြီးရေတွက်မိတဲ့ ranking နဲ့ပတ်သက်ပြီး KBS ရဲ့ Music Bank ဇူလိုင်လ ၂၈ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြီး တောင်းပန်ခဲ့ပါတယ်။

သူတို့ရဲ့ တောင်းပန်စာထဲမှာရေးထားတာက “မင်္ဂလာပါ။ Music Bank ကဝန်ထမ်းပါ။ ဇူလိုင်လ ၂၄ ရက်နေ့ Weekly chart ရဲ့ ranking မှာကျွန်တော်တို့ရဲ့မှားယွင်းတွက်ချက်မိမှုကြောင့် ချွတ်ယွင်းမှုအချို့ရှိခဲ့ပါတယ်။

ဒါကြောင့်အခု ranking ကိုပြန်လည်စစ်ဆေးပြီးတဲ့အခါ EXO-SC ကပထမနေရာရပြီး BLACKPINK ကဒုတိယနေရာ အသီးသီးမှာထိုက်ထိုက်တန်တန်ရပ်တည်နေပါတယ်။ ဒီ ranking တွေက digital streaming ၊ ကြည့်ရှုသူတွေရဲ့ ဦးစားပေးမှုနဲ့ album အချပ်ရေရောင်းချရမှုတွေအပေါ်မူတည်ပြီး Broadcast Appearance Criteria ဆိုတာက KBS အစီအစဉ်လွှင့်နေချိန်မှာ သီချင်းကိုဘယ်နှကြိမ်နားထောင်ကြလဲဆိုတဲ့အပေါ်ရေတွက်တာပါ။

အခုတစ်ခေါက်အမှားအယွင်းဖြစ်ရတာ ဒီ Criteria ကိုရေတွက်နေတုန်းဖြစ်ခဲ့တာ့ဖြစ်ပြီး ရမှတ်တွေကို နောက်တစ်ခေါက်ပြန်စစ်ကြည့်တော့မှ အမှားကိုတွေ့ခဲ့ရတာပါ။ အခုလည်း Ranking အသစ်တွေကိုတင်ပေးပြီးပါပြီ။

ဒီလိုဖြစ်ခဲ့ရတဲ့အတွက် Idol နှစ်ဖွဲ့ကိုရော ကြည့်ရှုသူတွေကိုရော အနူးအညွတ်တောင်းပန်ပါတယ်။ နောင်ဒီလိုကိစ္စမျိုးမရှိရအောင် ဂရုစိုက်ပါမယ်” ဆိုပြီး သေသေချာချာရှင်းပြပြီးတောင်းပန်ခဲ့ပါတယ်။ Ranking အသစ်မှာတောါ EXO_SC ရဲ့ 1Billion Views က ၆၄၃၁ မှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒါသူတို့ရဲ့ 1st Win လည်းဖြစ်ပါတယ်တဲ့။ EXO-SC အတွက်ဂုဏ်ယူပါတယ်။

Source : Soompi
Written : Helra

Share