Categories: Celebrity News

သူတို့ရဲ့ အချစ်ရေးအတွေအကြုံများကို ပြောပြခဲ့တဲ့ Lee Seung Gi နှင့် Cha Eun Woo

မကြာသေးမီက SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့တဲ့ All The Butlers အစီအစဉ်မှာ Lee Seung Gi နှင့် Cha Eun Woo တို့ကသူတို့ရဲ့ Dating အတွေ့အကြုံတွေကို ဖောက်သည်ချခဲ့ကြပါတယ်။ နှစ်ယောက်ရဲ့အတွေ့အကြုံတွေက လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက်လည်း အဖွဲ့သားတွေအကုန်လုံး ပွဲကျခဲ့ရပါတယ်။

ပထမဦးစွာ Lee Seung Gi ဟာသူ့ရဲ့ အချစ်ရေးနှင့်ပက်သက်ပြီး ပြောပြခဲ့ပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တဲ့ Lee Seung Gi ရဲ့ဖွင့်ဟဝန်ခံသံကို ကြားပြီးချိန်မှာတော့ ပရိတ်သတ်တွေအံအားသင့်ခဲ့ရပါတယ်။ Lee Seung Giက ” ကျွန်တော်ဘဝမှာ မိန်းကလေးတွေဆီက ချစ်ခွင့်အပန်ခံရတာမျိုး လုံးဝမရှိဖူးဘူး” ဆိုပြီးပြောခဲ့ပါတယ်။

အားလုံးကတော့ ဒီလောက်ပြည့်စုံတဲ့ မင်းသားတစ်ယောက်ကို ဘာလို့ကြိုက်ပြီးဖွင့်ပြောမယ့်သူ မရှိတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ Cha Eun Woo ကလည်း “ကျွန်တေယ်က ရည်းစားစကားပြောတဲ့နေရာမှာ မကျွမ်းကျင်ဘူး။

ဒါ့ကြောင့်မို့ အမြဲတမ်း တဖတ်သတ်အချစ်မျိုးကို ရခဲ့တယ်” လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ Lee Seung Gi ကဲ့သို့မဟုတ်ပဲ သူ့ကိုတော့ ချစ်ခွင့်ပန်ခဲ့ဖူးတဲ့ မိန်းကလေးတော်တော်များများရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ အဖြစ်ကိုနှိုင်းယှဉ်ပြီး အဖွဲ့ဝင်တွေကတော့ ရီစရာတွေလုပ်ရင်း ပွဲကျခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံး အရမ်းပြည့်စုံတဲ့ အမျိုးသားတွေဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူးနော်။ ပရိတ်သတ်ကြီးရော သူတို့နှစ်ယောက်ရဲ့ အတွေ့အကြုံနှင့်ပက်သက်ပြီး ဘယ်လိုမြင်မိလဲ။ Comment မှာဆွေးနွေးနိုင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share