Categories: Celebrity News

စနေနေ့ထုတ်လွှင့်တဲ့ ဒရမ်မာတွေရဲ့တစ်ပတ်စာ Rating များ

ဇူလိုင်လ ၂၅ ရက်နေ့ Nielsen Korea ရဲ့ထုတ်ပြန်ချက်အရ tvN ဒရမ်မာတစ်ခုဖြစ်တဲ့ Kim So Hyun နဲ့ Seo Ye Ji တို့ပါဝင်တဲ့ “It’s Okay To Not Be Okay” ရဲ့ rating က ၅.၇% ကနေ ၆.၄% ထိတက်လာပါတယ်။

အသက် ၂၀ ကနေ ၄၉ နှစ် ပ‌ရိတ်သတ်တွေကို ဇာတ်လမ်းကို ကြိုက်နှစ်သက်မှုအပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း ပျှမ်းမျှ ၄.၉% ပဲရနေရာက ဒီတစ်ပတ် ၅.၅% နဲ့ အမြင့်ဆုံးအမှတ်ရခဲ့လို့ ကောင်းမွန်တဲ့တိုးတက်မှုတွေရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ SBS ဒရမ်မာ “Backstreet Rookies” ကလည်း ပျှမ်းမျှ rating ၇.၈% ကိုဒီအပတ် ၈.၄% ရခဲ့ပါတယ်။ ပျှမ်းမျှထက်တိုးတက်လာပေမယ့်လည်း အရင်အပတ် rating က ၈.၆% တောင်ရခဲ့တာမို့ အပြည့်အဝ ဝမ်းသာလို့မရနိုင်တဲ့ အနေအထားပါ။

tvN ရဲ့နောက် ဒရမ်မာတစ်ခုဖြစ်တဲ့ “King Maker : The Change Of Destiny” ကတော့ ၅.၂% ထိတိုးတက်လာပြီး JTBC ရဲ့ Graceful Friends ကတော့ ၄.၄% နဲ့ rating ကဆက်တိုက်ထိုးကျနေပါတယ်။ OCN ရဲ့ “Train” ကတော့အခုထိ ပျှမ်းမျှ rating ၁% ပဲရှိပါတယ်တဲ့။

KBS 2TV ရဲ့ “Once Again” ကတော့ Saturday ဒရမ်မာတွေထဲမှာထိပ်ဆုံးက ဗိုလ်စွဲနေပြီး အရင်အပတ်က ၂၈.၇% တောင်ရခဲ့ပြီး ဒီအပတ် ၂၄.၂% ထိကျသွားပေမယ့် ယှဉ်ကြည့်ရင်တော့ ကျေနပ်လောက်စရာ rating ပါပဲ။

Source : Soompi
Written : Helra

Share