Categories: Celebrity News

EXO ရဲ့ Chanyeol ကို ရုပ်ရှင်ဇာတ်ကားအသစ်မှာ Lead Role အနေနဲ့ မြင်တွေ့ရတော့မယ်

EXO ရဲ့ Chanyeol ကို “The Box” လို့ ခေါ်တဲ့ ရုပ်ရှင်ဇာတ်ကားအသစ်မှာ Lead Role အနေနဲ့ မြင်တွေ့ရတော့မှာပါနော်။ ဇူလိုင်လ ၃၀ ရက်နေ့မှာပဲ ရုပ်ရှင်ရဲ့ ထုတ်လုပ်သူတွေဘက်က Chanyeol ဟာ သူတို့ရဲ့ ရုပ်ရှင်သစ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး အသေးစိတ်တွေကိုတော့ ဆက်လက်ဆွေးနွေးနေတယ်လို့ ကြေညာထားပါတယ်။

The Box ကတော့ အဆိုတော်ဖြစ်ချင်စိတ်ပြင်းပြခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ အောင်မြင်မှုရအောင် ကြိုစားခဲ့တဲ့ သူ့ရဲ့ ဂီတခရီးလမ်းကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ကျော်ကြားတဲ့ ဒါရိုက်တာ Yang Jung Woong မှ ရိုက်ကူးသွားမှာပါ။

ဒီရုပ်ရှင်ဇာတ်ကားကတော့ Chanyeol ရဲ့ ပထမဆုံး ကိုးရီးယား ရုပ်ရှင်ကားအတွက် Lead Role လည်း ဖြစ်ပါတယ်။ ဒီကားမှာတော့ Chanyeol ရဲ့ သရုပ်ဆောင်မှု အရည်အချင်းနဲ့ အဆိုစွမ်းရည်တွေပါ ထုတ်ဖော်ပြသခွင့်ရမှာပါ။

Chanyeol ဟာ “The Box” ရဲ့ သီချင်းစီစဉ်မှုအပိုင်းမှာပါ ပါဝင်သွားမယ်လို့ သိရပြီး ရုပ်ရှင်အတွက်လည်း သူကိုယ်တိုင်ပဲ သီဆိုမှာပါတဲ့နော်။ Chanyeol အတွက်တော့ တကယ်ကို စွမ်းရည်တွေ ချပြလို့ရမယ့် ရုပ်ရှင်ဇာတ်ကားပါပဲ။

“The Box” ကိုတော့ ဩဂုတ်လ လကုန်မှစတင်ကာ ရိုက်ကူးသွားမယ်လို့ ကြေညာထားပါတယ်။ ကမ္ဘာအရပ်ရပ်က EXO-L လေးတွေတော့ ပျော်နေကြပီလို့ထင်ပါတယ်။ Chanyeol အတွက်လည်း တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

 

Source: Koreaboo
Written: Gyi Gyi

Share