Categories: Celebrity News

ဇာတ်လမ်းတွဲသစ်မှာ ပထမဆုံးအနေနဲ့ ဗီလိန်နေရာက ပါဝင်မယ့် Taecyeon

Taecyeon ကနော့ သူရိုက်ကူးခဲ့သမျှ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ ပထမဆုံး ဗီလိန်ကာရိုက်တာကို ပုံဖော်ဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဆိုပါ Vincenzo လို့ အမည်ရတဲ့ ဒရမ်မာဟာ မင်းသား Song Joong Ki နဲ့ မင်းသမီး Jeon Yeo Bin တို့လဲ ပါဝင်ဖို့ကမ်းလှမ်းခံထားရတဲ့ ဒရမ်မာဖြစ်ပြီး Taecyeon ကတော့ ပါဝင်ဖို့ အတည်ပြုလိုက်ပြီလို့ ဆိုပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့မှာ Ilgan Sports က သတင်းတွေအရတော့ Taecyeon ဟာ ဗီလိန်နေရာမှာ ပါဝင်မှာဖြစ်ပြီး လူအများအမြင်မှာတော့ Wooseung ဆေးဝါးလုပ်ငန်းကြီးရဲ့ အကြီးအကဲဖြစ်ပေမယ့် နောက်ကွယ်မှာ မကောင်းမှုနဲ့စီးပွားရှာတဲ့ မူးယစ်ရာဇာကြီး Jang Jun Woo အနေနဲ့ သရုပ်ဆောင်မှာပါ။ ရုပ်ရည်ချောမောပြီး ရည်မွန်ယဉ်ကျေးတဲ့အသွင်နဲ့ နှစ်ယောက်မရှိအောင် ရူးသွပ်ရက်စက်တဲ့ ကာရိုက်တာဖြစ်မှာပါတဲ့။

Vincenzo ဇာတ်လမ်းတွဲကတော့ ရာဇဝတ်ကောင်တွေနဲ့ လူမိုက်ဂိုဏ်းတွေကို အခြေတည်ထားတဲ့ ဇာတ်လမ်းတွဲမျိုးဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ချစ်မိရာကနေ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲလိုက်တဲ့ ရာဝဇာတ်သားတစ်ဦးရဲ့ လူတွေရဲ့ဖြစ်တည်မှုအပေါ် အမြင်ပြောင်းလဲလာပုံကိုရိုက်ကူးပြသမယ့် ဇာတ်လမ်းတွဲတစ်ပုဒ်ပါ။

Taecyeon ရဲ့အေဂျင်စီဖြစ်တဲ့ 51K ကတော့ Vincenzo မှာ Taecyeon ပါဝင်ဖို့ကို အတည်ပြုလိုက်ပြီဖြစ်ပြီး ဇာတ်လမ်းတွဲကိုတော့ Money Flower နဲ့ The Crown Clown လို စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတွေကို ထုတ်လုပ်ခဲ့တဲ့ PD Kim Hee Won ကထုတ်လုပ်ပြီး ရာဇဝတ်ဇာတ်လမ်းတွေကို ပိုင်နိုင်တဲ့ ဇာတ်ညွှန်းဆရာ Park Jae Beom ရဲ့ လက်ရာဖြစ်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share