Kpop ရဲ့ဆွဲဆောင်အားပြင်း ဘုရင်မတစ်ပါးဖြစ်တဲ့ Lee Hyori ကတော့ လတ်တလောမှာ ယခင်တည်းက ရင်းနှီးခင်မင်ခဲ့တဲ့သူတွေဖြစ်တဲ့ MC Yoo Jae Suk, အဆိုတော် Rain တို့နဲ့အတူ SSAK3 ဆိုတဲ့ အဖွဲ့အဖြစ် အနုပညာလှုပ်ရှားမှုတွေလုပ်ရင်း ပျော်စရာအချိန်လေးတွေကို ဖန်တီးနေပါတယ်။
Yoo Dragon, Linda G နဲ့ B-Ryong လို့ အမည်ပေးထားတဲ့ သူတို့သုံးဦးရဲ့ စည်းလုံးမှုကြောင့် Linda G ဟာ B-Ryong ရဲ့ ပရိတ်သတ်တစ်ဦးဆီက စာလေးတစ်စောင်တောင် ရရှိခဲ့ပါတယ်တဲ့။ အဲ့ဒီစာလေးကိုတော့ Linda G (Lee Hyori) ဟာ သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။
စာထဲမှာကတော့ ‘ကမ္ဘာပေါ်မှာ အလှဆုံး မမ Linda G Hyori ရေ စင်ပေါ်မှာပဲဖြစ်ဖြစ် စင်အောက်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်မတို့ရဲ့ အငယ်ဆုံးလေး B-Ryong ရဲ့အကောင်းဆုံး တွဲဖက်ဖြစ်ပေးလို့ကျေးဇူးတင်ပါတယ်။ Unnie က Rain ကိုဆူတဲ့အချိန်တိုင်းက အသက်ပါပဲ။
ဘာဖြစ်လို့လဲသိလား? အဲ့လိုလုပ်နိုင်တဲ့လူက ကမ္ဘာပေါ်မှာ Unnie ပဲရှိလို့ပါ။ Unnie ရဲ့ဆူသံဆုံးမသံနဲ့ ‘နင့်ကိုမမြင်ချင်ဘူး’ ဆိုတဲ့ စကားတွေဟာ B-Ryong ရဲ့ ကျော်ကြားမှုပါပဲ။ ပရိတ်သတ်တစ်ယောက်ချင်းစီကို ရယ်မောစေတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Unnie ကြောင့် ဒီနှစ်နွေရာသီမှာ ပျော်ခဲ့ရပါတယ်’ လို့ ရေးထားခဲ့တာပါ။ တကယ်လဲ Rain လို တစ်နိုင်ငံလုံးရဲ့အချစ်တော်ဝါရင့်အဆိုတော်ကြီးကို ရုပ်သံအစီအစဉ်မှာ ဆူရဲမယ့်လူက အစ်မလိုခင်ရတဲ့ Lee Hyori အပြင်မရှိပါဘူး။
ဒီပရိတ်သတ်ပြောထားသလိုပဲ SSAK3 ဟာ မောင်နှမအရင်းအချာတွေလို တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာနဲ့ ချစ်စရာကောင်းလွန်းသလို ရယ်လဲရယ်ရတာကြောင့် သူတို့ကိုကြည့်ရတာ အမောပြေတာတော့ အမှန်ပါပဲနော်။
Source : Soompi
Written : Dar Dar