Categories: Celebrity News

Lisa နဲ့ Jisoo ကသူ့ကိုဘယ်လောက် အားပေးခဲ့ကြောင်းပြောပြခဲ့တဲ့ Somi

Somi ဆိုတာ BLACKPINK အဖွဲ့ဝင်တွေရဲ့ ညမလေးလို့တောင် ပြောရမယ်ထင်တယ်။ သူမကလည်းမကြာခင်ကပင် သီချင်းအသစ်ကို ပရိတ်သတ်ထံချပြထားပါတယ်။ အခုလည်း Somi ကသူမရဲ့ MV အသစ်ရိုက်ကူးစဉ်က ကူညီအားပေးခဲ့ကြတဲ့ BLACKPINK အဖွဲ့ဝင် Lisa နဲ့ Jisoo ကိုဘယ်လောက်ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Idol Radio အစီအစဉ်မှာ Somi ဟာဧည့်သည့်အနေနှင့် ပါဝင်ခဲ့ပါတယ်။ ထိုအစီအစဉ်မှာ Somi ကသူမရဲ့ Comeback mv ရိုက်ကူးစဉ်က Lisa နှင့် Jisoo တို့ရိုက်ကွင်းအထိ လာရောက်အားပေးခဲ့ကြတယ်ဆိုပြီး ပြောခဲ့ပါတယ်။

အဲ့လိုလာခဲ့တဲ့အတွက်ကြောင့် သူမတော်တော်လေးကို အားရှိသွားတယ်လို့ခံစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။ “ကျွန်မတစ်ယောက်တည်း ရိုက်ကွင်းမှာဆိုရင် ပျင်းသလိုကြီးခံစားရတာ။ Lisa နဲ့ Jisoo တို့ကလာပြီး အားပေးစကားပြော၊ အတူတူအချိန်ကုန်ပေးတော့ တကယ့်ကိုပျော်ခဲ့ရတယ်” ဆိုပြီးသူမရဲ့အဖြစ်ကို ပရိတ်သတ်တွေသိအောင် ပြောပြခဲ့ပါတယ်။

MC တွေကလည်း အခုထွက်ရှိခဲ့တဲ့ သီချင်းအသစ်အတွက် ဘယ်သူတွေကို ကျေးဇူးအတင်ဆုံးလည်းလို့ မေးရာမှာလည်း Somi ကတော့ Lisa နှင့် Jisoo ဆိုပြီးသာဖြေခဲ့ပါတယ်။ “ကျွန်မကတစ်ယောက်ထဲ solo ဆိုတော့သူတို့လို ညအစ်မတွေလို ဖြစ်နေမယ့်သူငယ်ချင်းအဖော် မရှိဘူးလေ၊ အာေ့ကြာင့်အခုလို လာပြီးကျွန်မကို ဓာတ်ပုံရိုက်ပေးကြ၊ စလိုက်နောက်လိုက် လာနေပေးခဲ့တဲ့ သူတို့နှစ်ယောက်ကို တကယ်ကျေးဇူးတင်တယ်”။

Somi နှင့် BLACKPINK အဖွဲ့ဝင်တွေဟာ အရင်ကတည်းကေးအတော်လေးရင်းနှီးကြတယ်ဆိုတာကို ပရိတ်သတ်တွေလည်း သတိထားမိကြမယ်လို့ ထင်ပါတယ်။ Somi ရဲ့ comeback MV ထွက်စဉ်ကလည်း အဖွဲ့ဝင်တွေအားလုံး support ပေးခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေအကုန်လုံးလည်း Somi အပေါ်သံယောဇဉ်တော်တော်ရှိကြပုံရပါတယ်။ Somi ရဲ့ MV အသစ်လေးကိုမကြည့်ရသေးရင်လည်း အားပေးလိုက်ကြပါဦးနော်။

Source: Soompi
Written: Phoo Phoo

Share