Categories: Celebrity News

ဘယ်လိုမျိုးနဲ့ Idol တစ်ယောက်ဖြစ်လာခဲ့လဲဆိုတာကို ပြောပြခဲ့တဲ့ MAMAMOO အဖွဲ့ဝင် Solar

MAMAMOO အဖွဲ့ဝင် Solar ဆိုတာဟာ Idol အခုလိုအောင်မြင်တဲ့ Idol တစ်ယောက်ဖြစ်လာအောင် ဘယ်လောက်ခေါင်းမာပြီး၊ ဇွဲ့ရှိရှိကြိုးစားခဲ့ရလည်းဆိုတာကို ပရိတ်သတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။ Solar လို့ပြောလိုက်တာနဲ့ သူမရဲ့ Vocal အလန်းစားကြီးကို အားလုံးပြေးမြင်ကြမယ်လို့ ထင်တယ်။

သို့ပင်မဲ့ Solarဟာလွယ်လွယ်လေးနဲ့ Idol တစ်ယောက်ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ Auditions ကိုအခု ၅ဝလောက်ကို ဇွဲ့မလျော့ပဲ ဖြေခဲ့ပြီးနောက်မှ အောင်မြင်ခဲ့ရဲတဲ့ သူမရဲ့ဇာတ်လမ်းကတော့ Kpop လောကမှာ ရေးပန်းစားတယ်လို့ ပြောရမယ်ထင်တယ်။

Solar ဟာပထမတုန်းတော့ Idol တစ်ယောက်ဖြစ်ဖို့ စိတ်ကူမရှိခဲ့ပါဘူးတဲ့။ လေယာဉ်မယ်တစ်ယောက် လုပ်မယ်ဆိုပြီး ကျောင်းတက်နေတုန်းက ပြင်ဆင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့တနေ့မှာ သူမက Hongdae မှာအပျောတမ်းအနေနှင့် သီချင်းဆိုရင်း ဂီတလောကသားတစ်ဦးက သူ့မရဲ့အသံကို သဘောကျပြီး Idol တစ်ယောက်ဖြစ်အောင်ကြိုးစားကြည့်ပါလားဆိုပြီး အကြံပေးခဲ့တယ်တဲ့။

အဲ့အချိန်ကနေစပြီး Solar ဟာအဲ့လူပြောသွားတဲ့ စကားကိုနားထဲစွဲနေပြီး Idol တစ်ယောက်အဖြစ် ရပ်တည်ကြည့်မလားဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ သူမရဲ့အသံနှင့် ပက်သက်ပြီးယုံကြည်မှုလည်း ရှိလာခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ Audition ပေါင်းများစွာကို ဖြေခဲ့ပါတယ်တဲ့။

ဒါပေမဲ့ သူမဖြေခဲ့တဲ့ Audition အခု ၅ဝလောက်က ကျရှုံးခဲ့ပါတယ်။ သူမပြောပြပုံအရ ” ကျွန်မက Audition မဖြေခင် လေ့ကျင်တာမျိုးမလုပ်ခဲ့ဖူးတဲ့။ ကိုယ့်ကု်ကို ယုံကြည်ပြီး၊ ငါဘယ်လိုပဲဖြစ်ဖြစ် အောင်မှာပဲ” ဆိုတဲ့အတွေးမျိုးရှိခဲ့ပါတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။

နောက်ဆုံးမှာလည်း သူမနှင့်တကယ်ကိုက်တဲ့ အေဂျင်စီကို တွေ့ခဲ့ပါတယ်။ Rainbow Bridge Entertainment ကနေ MAMAMOO အဖွဲ့အဖြစ် Debut နိုင်ခဲ့ပါတယ်။ အားလုံးလည်း Solar ရဲ့ Idol ဖြစ်လာခဲ့ပုံ ရာဇဝင်ကိုသိလိုက်ရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share