Categories: Unidentified

BTS နဲ့ K-pop ကိုချစ်ပါတယ်ဆိုပြီး ပြောခဲ့ဖူးတဲ့ ကမ္ဘာကျော်ဘောလုံးကစားသမားကြီး Paul Pogba

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကစားသမားကြီး Paul Pogba ကိုတော့ ပရိတ်သတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာဆိုလည်း ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးလွန်းတဲ့အသင်းတစ်သင်းပါ။ ထို့ကြောင့် ထိုအသင်းက ကစားသမားများဟာလည်း နာမည်ကြီးကြပါတယ်။ ပြီးခဲ့တဲ့နှစ် 2019 မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားကြီး Paul Pogba ဟာ ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ သူရောက်ရှိလာရတဲ့ အကြောင်းရင်းကတော့ ဆိုလ်းမြို့ယွန်ဆန်၌ ကျင်းပခဲ့တဲ့ Adidas အရောင်းပွဲတော်သို့ သွားရောက် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Paul Pogba ကိုထိုအချိန်ကအင်တာဗျူးတစ်ခုတွင် သတင်ကြော်ငြာသူ Bae Sung Jae မှ “FIFA U-20 ဗလင်ဇီယာ အသင်းမှာကစားနေတဲ့ Lee Kang In ကို သိလား” ဟုမေးမြန်းခဲ့ဖူးပါတယ်။ ထိုအခါ Paul Pogba က “Lee Kang In ကိုတော့ သူမသိပါဘူး။ ဒါပေမယ့် K-pop နဲ့ BTS ကိုတော့သိပါတယ်။ ပြီးတော့ နှစ်ဖွဲ့လုံးကိုလည်း ချစ်ပါတယ်” ဟူ၍‌‌ဖြေကားခဲ့ဖူးပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုမှာ “အကယ်၍ဘောလုံးသမားသာ မဖြစ်ခဲ့ရင်ဘာလုပ်မလဲ”ဟု မေးမြန်ခဲ့တဲ့အခါမှာတော့ ကျွန်တော်သာဘောလုံးသမား မဖြစ်ခဲ့ရင် “အဆိုတော်ဖြစ်ဖြစ် K-pop အကသမားဖြစ်ဖြစ် လုပ်ဖြစ်မှာပါ” ဟု ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် “ကျွန်တော်အသံကဆိုးပါတယ်” ဟူ၍လည်းအရွှန်းဖောက်ခဲ့ပါသေးတယ်။ ကဲပရိတ်သတ်ကြီးရေ BTS နဲ့ K-pop အဖွဲ့ကြီးတော့ ကမ္ဘာကျော်ဘောလုံးကစားသမားကြီး Paul Pogba တောင်မှကြိုက်နှစ်သက်တဲ့အထိ အောင်မြင်မှုတွေရရှိနေတဲ့ အဖွဲ့ကြီးပါနော်။ ထိုဝမ်းသာစရာသတင်းကို တခြားသူတွေလည်းသိအောင် ဝေမျှပေးပါဦးနော်။

Source:BTS updates

Share