Categories: Celebrity News

ခေတ်အဆက်ဆက် K-Drama တွေထဲက ကြွေချင်စရာ Second Lead မင်းသားများ (၁)

ကိုရီးယားဒရမ်မာထဲမှာ မင်းသားနဲ့မင်းသမီးရဲ့အချစ်ဇာတ်လမ်းအတွက်လည်းကြည်နူးရတာကတစ်ဖက် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေထဲမှာကျန်ရစ်ခဲ့ရတဲ့ ဒုတိယမင်းသားအတွက်လည်း ဂရုဏာသက်ရတာကတစ်ဖက်နဲ့ ရင်ထဲလှစ်ဟာသွားတဲ့ ခံစားချက်မျိုး ဒရမ်မာပရိတ်သတ်အားလုံးပဲ ခံစားဖူးကြမှာပါ။

ဒီလိုခံစားချက်မျိုးပေးစွမ်းဖို့ဆိုတာ ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ဦးတည်းအပေါ်မှာပဲ မူတည်မနေပဲနဲ့ သူတို့ရဲ့ဇာတ်လမ်းကိုပံ့ပိုးပေးမယ့် ဇာတ်ဆောင်နဲ့လညအများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွေထဲက ဂရုဏာသက်ချင်စရာ Second lead မင်းသားတွေကိုစုစည်းတင်ပြလိုက်ပါတယ်။

၁။ Autumn in my Heart (2000)

အွန်စောနဲ့ဂျွန်စောတို့ရဲ့ ဆောင်းဦးရွက်ကြွေချက်သက်သေဇာတ်လမ်းတွဲက မြန်မာနိုင်ငံမှာလည်း လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့လို့ အခုချိန်ထိ ရင်နင့်စရာဇာတ်ကြောင်းကို မှတ်မိနေသူတွေရှိဦးမှာပါ။

ဇာတ်လမ်းထဲက Eun Suh နဲ့ Joon Suh တို့ရဲ့အချစ်ကိုခွဲဖို့ကြိုးစားတဲ့အရာတွေထဲမှာ သဘောထားချင်းမတိုက်ဆိုင်တဲ့ သူတို့နှစ်ဦးရဲ့မိသားစုနဲ့ Eun Suh ရဲ့သေနိုင်လောက်တဲ့ ရောဂါအပြင် Eun Suh ကိုစွဲလန်းနေတဲ့ လူချမ်းသာလေး Han Tae Seok (Won Bin) ကိုလည်းမမေ့ကြလောက်သေးဘူးလို့ထင်ပါတယ်နော်။

ဒီဇာတ်လမ်းထဲမှာ Tae Seok ကိုကြွေရတဲ့အကြောင်းက Eun Suh ကိုသူ့လက်ထဲပါသွားစေချင်တဲ့ ပုံစံမျိုးမဟုတ်ပေမယ့် Tae Seok ရဲ့အချစ်တွေကို ဘေးလူတစ်ယောက်အနေနဲ့ ခံစားမိပြီး သူ့ကို သူ့လိုပြန်ချစ်နိုင်မယ့် မိန်းကလေးတစ်ယောက်နဲ့ လက်တွဲနိုင်စေမယ့် ပုံစံမျိုးပါ။

၂။ My Girl (2006)


Joo Yoo Rin (Lee Da Hae) နဲ့ Seol Gang Chan (Lee Dong Wook) တို့ရဲ့ My Girl ဇာတ်လမ်းလေးကိုလည်းမှတ်မိကြဦးမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းက အဖိုးရဲ့ အကြာကြီးပျောက်နေတဲ့ မြေးမလေးနေရာကိုအစားထိုးဖို့ မိန်းကလေးတစ်ယောက်လိုအပ်နေတဲ့ Gang Chan က အဖေ့ရဲ့အကြွေးတွေရှင်းပေးဖို့လို ငွေလိုနေတဲ့ Yoo Rin ကိုရွေးချယ်စရာမရှိပဲ သူ့ဝမ်းကွဲညီမလေးအဖြစ် ငှားရမ်းရာက သူတို့နှစ်ယောက်တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေရှိလာပြီး ချစ်မိသွားကြတဲ့ပုံစံလေးပါ။

ဒီဇာတ်လမ်းထဲမှာ Lee Joon Ki က Yoo Rin ကိုစွဲလမ်းနေတဲ့ ကောင်ချောလေးတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး သူ့ကိုပရိတ်သတ်တွေသဘောကျခဲ့တာက သူက Yoo Rin ကိုမရခဲ့ပေမယ့်လည်း ဘယ်သူကိုမှ အငြိုးမထားပဲ တစ်ယောက်တည်း ကိုယ့်အထာနဲ့ကိုယ်နေတတ်တဲ့ Character ကိုပါ။

၃။ Boys Over Flowers (2010)


Geum Jan Di (Gu Hye Sun) နဲ့ Gu Jun Pyo (Lee Min Ho) တို့ရဲ့ ဘဝအခြေအနေတွေကွာခြားပေမယ့် ဘယ်သူခွဲခွဲမကွဲပဲ စစ်မှန်တဲ့အချစ်ကအနိုင်ရပြီး ပျော်စရာဇာတ်သိမ်းလေးနဲ့ပြီးခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းအားလုံးပဲကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းရဲ့အစပိုင်းမှာ Jan Di စိတ်ကစားခဲ့တဲ့ Ji Hoo (Kim Hyun Joong) ကိုလည်း မှတ်မိကြမှာပါ။

Ji Hoo က Jan Di နဲ့ Jun Pyo တို့နဲ့အချစ်ကို အနည်းနဲ့အများ နှောင့်ယှက်ခဲ့ပေမယ့် Jan Di အတွက်တော့ Ji Hoo က ဒုက္ခတွေ့တိုင်းကာကွယ်ပေးပြီး အမြဲနွေးထွေးတဲ့သူတစ်ယောက်ဆိုတာ ငြင်းမရပါဘူး။

၄။ Strong Woman Do Bong Son (2017)


Park Bo Young နဲ့ Park Hyung Sik တို့ရဲ့ Strong Woman ဇာတ်လမ်းထဲက second lead ကလည်း ကြွေချင်စရာပါပဲ။ Do Bong Son (Park Bo Young) နဲ့ CEO Ahn Min Hyuk (Park Hyung Sik) တို့ရဲ့ ဟာသစွက်တဲ့အချစ်ဇာတ်လမ်းလေးကကြည်နူးစရာကောင်းတာမှန်ပေမယ့် Do Bong Son ရဲ့အခင်ဆုံးသူငယ်ချင်း In Kook Doo (Ji Soo) ရဲ့ Do Bong Son အပေါ်ထားတဲ့အချစ်ကိုလည်းချန်ထားခဲ့လို့ မဖြစ်ပါဘူးနော်။

Bong Son ကိုသူငယ်ချင်းအချစ်နဲ့ အရမ်းဂရုစိုက်ပေးခဲ့ပြီး သူငယ်ချင်းအချစ်ထပ်ပိုမိပြီဆိုတာကို နောက်ကျမှသိခဲ့ရတဲ့ သူ့အချစ်ကလည်း ပရိတ်သတ်တွေအတွက် မချင့်မရဲ့ဖြစ်စရာပါပဲ။

၅။ While You Were Sleeping (2017)


ဥပဒေအကြောင်းအခြေခံထားတဲ့ သည်းထိပ်ရင်ဖို Fantasy Drama တစ်ခုဖြစ်တဲ့ While You Were Sleeping ရဲ့အဓိကဇာတ်ကောင်နှစ်ဦးကတော့ ဥပဒေအရာရှိ Jung Jae Chan(Lee Jong Suk) နဲ့ သတင်းတင်ဆက်သူ Nam Hong Joo (Bae Suzy) တို့နှစ်ဦးပါ။

စိတ်ဝင်စားစရာမှုခင်းအကြောင်းအရာတွေ၊ နှစ်ယောက်မရှိအောင်ဆိုးရွားယုတ်မာတဲ့ ဗီလိန်တွေနဲ့ ဇာတ်ပို့ဇာတ်ရံအားကောင်းကောင်းနဲ့ပံ့ပိုးခဲ့တဲ့ ဇာတ်လမ်းမို့လို့ ပရိတ်သတ်ကြားမှာ အောင်မြင်မှုရခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခုပါ။

ဒီထဲက ချန်ထားခဲ့လို့မဖြစ်တဲ့ ဇာတ်ရံတစ်ဦးကတော့ Woo Tak (Jung Hae In) ပါ။ ရုပ်ရည်ချောမောပြီး ကြင်နာတတ်တဲ့ ရဲဝန်ထမ်းတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့ပြီး Jae Chan ရော Hong Joo ရောအတွက်ခင်မင်ရတဲ့ သူငယ်ချင်းပါ။

Hong Joo အပေါ်ခံစားချက်တွေ မတားနိုင်မဆီးနိုင်ရှိနေပေမယ့် သူငယ်ချင်းနှစ်ယောက် အပေါ်သစ္စာရှိပြီး နောက်ဆုံးအချိန်ထိရယူဖို့ မကြိုးစားခဲ့တဲ့ သူ့ရဲ့ character ကပရိတ်သတ်တွေအတွက်သူ့ကိုပိုပြီ ဂရုဏာသက်စေခဲ့ပါတယ်။

Source : Cosmopolitan philippines
Written : Helra

Share