Categories: Celebrity News

ဗုဒ္ဓဟူး ကြာသပတေးဒရမ်မာတွေရဲ့ တစ်ပတ်စာ rating များ

ဗုဒ္ဓဟူး ကြာသပတေးဒရမ်မာတွေရဲ့ ဒီတစ်ပတ်စာ rating ကိုဖော်ပြလိုက်ပါတယ်။ ကြည့်လက်စ ဇာတ်လမ်းတွဲပါရင် ပြောပြပေးသွားကြပါဦး။ Nielsen Korea ရဲ့ထုတ်ပြန်ချက်အရ KBS2 ကထုတ်လွှင့်နေတဲ့ Into The Ring ဇာတ်လမ်းတွဲကပျှမ်းမျှ ၂.၃% ကနေ ၃.၂% ထိတောင်တက်သွားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့အပိုင်းထက်တော့ ၀.၁% ကျသွားပါတယ်။

MBC ရဲ့ CHIP-IN ဆို အရင်အပိုင်းကထက် ၁.၁%တောင်ကျသွားပါတယ်။ ပျှမ်းမျှ ၂.၈ ရနေရာက ဒီအပတ်မှာ ၂.၄% ပဲရခဲ့ပြီး Into The Ring ရဲ့နောက်ကိုရောက်သွားပါပြီ။

ဗုဒ္ဓဟူးနေကမှစထုတ်လွှင့်တဲ့ Lee Jun Ki နဲ့ Moon Chae Won တို့ရဲ့ Flower of Evil ကတော့စတင်ထုတ်လွှင့်တဲ့နေ့က ၂.၈၆% တောင်ရခဲ့ပြီး ဒုတိယမြောက်နေ့မှာ ၀:၅၄% ကျသွားပါတယ်။

JTBC ရဲ့ Was it Love? ကလည်းဒီတစ်ပတ်မှာ ကြည့်ရှုသူထပ်ကျပြန်ပါပြီ။ နောက်ဆုံးကြာသပတေးနေ့ ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ ၂.၀၄၅% ရခဲ့ပြီး အဲဒါက ဗုဒ္ဓဟူးနေ့အပိုင်းထက် ၀.၅၅ နည်းပါတယ်။

Source : Soompi
Written : Helra

Share