Categories: Celebrity News

တရုတ်ဇာတ်လမ်းတွဲကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲများ (Part 1)

တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေကြည့်လို့ နည်းနည်းလောက်ငြီးငွေ့လာမယ်ဆိုရင်တော့ တရုတ်ဘက်ကိုပြောင်းပြီး ကြည့်လို့ရသေးတယ်ဆိုတာကို အသိပေးပါရစေ။

အခုနောက်ပိုင်းမှာ တရုတ်ဇာတ်လမ်းတွဲ အတော်များများဟာ တော်တော်လေးကိုကောင်းလာကြပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေကတော့ ပရိတ်သတ်ကြားမှာ ရေပန်းစားပြီး Netflix မှာပါကြည့်နိုင်တဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။

1.A Love So Beautiful (2017)

သင်ဟာတကယ်လို့ ကျောင်းသားအချစ်ဇာတ်လမ်းမျိုးလေးတွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီဇာတ်လမ်းတွဲလေးကို လက်မလွှတ်သင့်ပါဘူး။ အပိုင်း ၂၃ပိုင်းပါဝင်ပြီး တရုတ်နိုင်ငံမှာလည်း နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါ။

သွက်သွက်လက်လက် ရှိလှတဲ့ Chen Xiaoxi ဆိုတဲ့ကောင်မလေးနှင့် ကျောင်းရဲ့အတော်ဆုံးနဲ့၊အချောဆုံးဖြစ်တဲ့ Jiang Chen တို့ကြားက ချိုမြိန်လှတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ခံစားရမှာပါ။ ပေါ့ပေါ့ပါးပါးလေးနှင့် လူငယ်အကြိုက် ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေလည်း သဘောကျလောက်မှာပါ။

2.The Untamed (2019)

The Untamed ဇာတ်လမ်းတွဲကတော့ အားလုံးလည်းသိနေကြမှာမို့ ထွေထွေးထူးထူး မိတ်ဆက်ဖို့ မလိုဖူးလို့ထင်ပါတယ်။ ဆုပေါင်းများစွာလည်း ရခဲ့ပြီးကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကို ရခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ Wei Wuxian နှင့် Lan Wangji ဆိုတဲ့အဓိက ဇာတ်ကောင်နှစ်ခုကို အခြေံပြီး Plot ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့ Drama တစ်ခုပါ။

အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Xiao Zhan နှင့် Wang Yibo တို့အနေနှင့်လည်း အနုပညာလောကမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင် တရုတ်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအဖို့ လုံးဝကိုလက်မလွှတ်သင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

3.Put Your Head On My Shoulder (2019)

Situ Mo ဆိုတဲ့သာမန်ကျောင်းသူလေးနှင့် Genius လို့တောင်ပြောလို့ရတဲ့ ရှုပပေဒကျောင်းသားလေး Gu Weiyi တို့အကြောင်းအမျိုးမျိုးကြောင့် အိမ်တစ်အိမ်ထဲမှာ အတူနေခဲ့ရတယ်။ သူမရဲ့ငြိမ်သက်နေတဲ့ ဘဝလေးလည်း Gu Weiyi ဝင်လာပြီးနောက်ပိုင်း အမျိုးမျိုးအဖုံဖုံကြုံတွေခဲ့ရတယ်။

နောက်ပိုင်းမှာတော့ နှစ်ယောက်စလုံး သံယောဇဉ်တွေ တွယ်လာခဲ့ပြီး ချစ်သူတွေဖြစ်လာခဲ့ကြတယ်။ လူငယ်ကြိုက်ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် တော်တော်လေးလည်း Ro တဲ့ကားလေးတစ်ကားပါ။ ဒါ့ကြောင့်မို့ အချစ်ချိုချိုဇာတ်လမ်းလေးတွေ ကြိုက်တဲ့သူတွေ့ဖို့ အသင့်တော်ဆုံး ဖြစ်မှာပါ။

4.Love O2O (2016)

Gaming ကိုအဓိက ဦးစားပေးပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ ပရိတ်သတ်အချစ်တော် မင်းသားလေး Yang Yang ကိုလည်းအောင်မြင်သည်ထက် အောင်မြင်အောင် ဒီကားလေးက လုပ်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ drama ဟာတရုတ်နိုင်ငံတွင်လည်း အောင်မြင်ခဲ့သည့်အပြင် နိုင်ငံတကာမှ ပရိတ်သတ်တွေကြားထဲမှာလည်း ရေပန်းစားခဲ့ပါတယ်။

အထုူးသဖြင့် Yang Yang နှင့် Zheng Shuang တို့ကြားက Chemistry ကောင်းလွန်းသောကြောင့် ပရိတ်သတ်တွေအနေနဲ့ သူတို့နှစ်ဦးကို Best couple ဆိုပြီးတောင် နာမည်ပြောင်ပေးခဲ့ပါတယ်။ တကယ့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလေးပါ။

5.Well-Intended Love (2019)

အချိုတွေချည်းပေးနိုင်တဲ့ ရိုလွန်းတဲ့ဇာတ်ကားကို ပြပါဆိုရင်တော့ Well- Intended Love ကိုညွှန်းရမယ်ထင်တယ်။ CEO Ling Yi Zhou နှင့်နာမည်မထင်မရှား မင်းသမီးလေးဖြစ်တဲ့ Xia Lin တို့ကြားက အချစ်ဇာတ်လမ်းလေးကို တော်တော်လေး Ro အောင်ရိုက်ထားနိုင်ပါတယ်။

အဓိကသရုပ်ဆောင်နှစ်ယောက်လည်း အပြင်မှာတကယ် ချစ်သူတွေလို့ပင် ထင်ရလောက်အောင်ကို သဘာဝကျပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူလည်း Romance ဇာတ်လမ်းတွဲကြိုက် ပရိတ်သတ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ လုံးဝနောင်တမရစေရဘူးလို့ အာမခံပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ တရုတ်ဇာတ်လမ်းတွဲ ပရိတ်သတ်တွေအနေနှင့် လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းတွေပါ။ Part 2 မှာလည်း ဆက်လက်ဖော်ပြပေးဦးမှာမို့ ဘယ်လိုဇာတ်လမ်းတွဲတွေကို ဖော်ပြပေးစေချင်လည်း ဆိုတာကိုလည်း Comments မှာရေးသားခဲ့နိုင်ပါတယ်။

Source: Cosmopolitan
Written: Phoo Phoo

Share